ချယ်လ်ဆီးအသင်းနဲ့ ၂၂ နှစ်ကြာဖြတ်သန်းပြီးတဲ့နောက် အသင်းခေါင်းဆောင် ဂျွန်တယ်ရီက ပရိသတ်တွေကို နောက်ဆုံးနှုတ်ဆက်စကား တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

 

ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ဆန်းဒါးလန်းအသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ကစားပြီး အသင်းခေါင်းဆောင်ဂျွန်တယ်ရီကိုလည်း နောက်ဆုံးနှုတ်ဆက်ပွဲစဉ်အဖြစ် ပါဝင်ကစားစေခဲ့တာဖြစ်ပါတယ်။ ဂျွန်တယ်ရီက ချယ်လ်ဆီးအသင်းမှာ ၂၂ နှစ်ကြာ ကစားခဲ့ပြီးနောက် သူ့ရဲ့ကစားသမားဘဝ ငါးကြိမ်မြောက် အမှတ်ပေးဖလားကို ကိုင်မြှောက်ခွင့်ရခဲ့ပါတယ်။

play

 

ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးပွဲမကစားခင်မှာ အသင်းခေါင်းဆောင် ဂျွန်တယ်ရီက ပရိသတ်တွေအတွက် နှုတ်ဆက်စကားပြောကြားခဲ့ရာမှာ သူ့ရဲ့နှလုံးသားအောက်ခြေကနေ နက်နက်ရှိုင်းရှိုင်းကျေးဇူးတင်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

 " နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်စိတ်ပျက်စရာတွေကြုံခဲ့ရတဲ့ အချိန်၊ ပြိုလဲလုနီးပါး ဖြစ်ခဲ့ရတဲ့ အချိန်တွေမှာ အားပေးထောက်ခံမှုတွေ ရရှိခဲ့ပါတယ်။ အဲဒီအခါမှာ ကျွန်တော် အားပြန်တက်လာပြီး ကွင်းထဲကို တစ်ခါပြန် ချေချနိုင်ခဲ့တယ်။ ကျွန်တော့်နာမည်ကို အားလုံး အော်ဟစ်အားပေးတုန်းကဆိုရင် ကိုယ့်ကိုကိုယ် ကမ္ဘာ့အကောင်းဆုံး နောက်ခံ ကစားသမားလို့တောင် ထင်လာမိတယ်" လို့ ဂျွန်တယ်ရီက ဗီဒီယိုဖိုင်ကတဆင့် ပရိသတ်တွေထံ သတင်းစကား ပါးခဲ့တာဖြစ်ပါတယ်။

play

 

" ကျွန်တော် ၁၄ နှစ်သားမှာ ဒီကိုရောက်လာခဲ့တယ်။ အခုလိုမျိုး လုပ်နိုင်ခဲ့မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးဘူး" လို့ ဂျွန်တယ်ရီက ပြောပါတယ်။ မိမိက ချယ်လ်ဆီးကစားသမားအဖြစ် မရှိတော့ပေမယ့်လည်း အမြဲတမ်း အပြာရောင်တပ်သားတစ်ဦး ဖြစ်နေမယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို သုံးနှစ်အတွင်း နှစ်ကြိမ်မြောက် ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ အောင်ပွဲခံ ဖလားကိုင်မြှောက်ခဲ့ပါတယ်။

play

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video