AD
AD
AD

မနက်ဖြန် ကစားရတော့မယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်ခင်မှာ နည်းပြဟောင်း ဖာဂူဆန်က မန်ယူအသင်း လေ့ကျင့်ရေးကွင်းကို ရုတ်တရက်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

play
ကားဖြင့်ရောက်လာသည့်ဖာဂူဆန်

 

မန်ယူအသင်း လေ့ကျင့်ရေးဆင်းနေတဲ့ နေရာကို ဖာဂူဆန် ရုတ်တရက်ရောက်ရှိလာတာဖြစ်ပြီး အသင်းကစားသမားတွေအတွက် အံ့အားသင့်ဖွယ်ဖြစ်တယ်လို့ ဗြိတိန်မီဒီယာအချို့က ရေးသားဖော်ပြကြပါတယ်။ မန်ယူနဲ့ ဟော်လန်ကလပ် အေဂျက်ဇ်အသင်းဟာ စတော့ဟုမ်းလ်မြို့မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲ ကစားကြမှာဖြစ်ပြီး နောက်ရာသီ ချန်ပီယံလိဝင် ဝင်ခွင့်ရဖို့အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

play
မော်ရင်ဟို မန်ယူနည်းပြမဖြစ်ခင်က ဖာဂူဆန်နှင့်တွေ့ခဲ့စဉ်

 

မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း မန်ယူအသင်းရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို မိမိပါဝင်ကစားမယ်လို့ ဒဏ်ရာရနေသူ အီဘရာဟီမိုဗစ်ခ်ျက အရွှမ်းဖောက်နောက်ပြောင်ထားပါသေးတယ်။ အသင်းလေ့ကျင့်ရေးကွင်းကို ရောက်လာတဲ့ နည်းပြဟောင်းဖာဂူဆန်ဟာ မော်ရင်ဟိုနဲ့သီးသန့်တွေ့ဆုံခဲ့တာလား ကစားသမားတွေနဲ့ တွေ့ဆုံခဲ့သေးလားဆိုတာကိုတော့ မသိရသေးပါဘူး။

play
အသင်းလေ့ကျင့်ရေးကွင်း ရောက်လာသည့် ဖာဂူဆန်

 

လောင်းကစားကုမ္ပဏီတွေရဲ့ သတ်မှတ်ချက်အရ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ယူအသင်းက ဗိုလ်စွဲဖို့ရေပန်းစားတဲ့ အသင်းအဖြစ်သတ်မှတ်ခံထားရပါတယ်။ ဗိုလ်လုပွဲမှာ မန်ယူအသင်းဘက်က ပွဲပယ်ခံရထားရတဲ့ အဲရစ်ဘေလီ ပါဝင်နိုင်မှာမဟုတ်ပေမယ့် ဒဏ်ရာရနေတဲ့ စမောလင်း ပြန်ပါလာနိုင်ဖို့ ရှိပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD