ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ချယ်လ်ဆီးအသင်း ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကွန်တီ ရရှိသွားခဲ့ကြောင်း  သိရပါတယ်။

 

လိဂ်မန်နေဂျာအစည်းအရုံးက ပေးတဲ့ ဒီဆုကို နည်းပြကွန်တီက ချယ်လ်ဆီးအသင်းရောက်လာပြီး ပထမဆုံးနှစ်မှာပဲ ရရှိခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီဟာ ၂၅ ကြိမ်မြောက်အဖြစ် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအဖြစ် ပေးတဲ့ဆုကို ရရှိခဲ့တာဖြစ်ပြီး ဒီဆုကို ဖာဂူဆန်ဆုလို့ ပြောင်းလဲ အမည်ပေးထားပါတယ်။

play

 

တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက် စပါးနည်းပြ ပိုချက်တီနိုလည်း ရေပန်းစားခဲ့ပါတယ်။ မနှစ်ကတော့ ဒီဆုကို လက်စတာအသင်းချန်ပီယံဖြစ်အောင် လုပ်ပေးခဲ့တဲ့ နည်းရေနီယာရီကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၃-၀၄ ဘောလုံးရာသီမှာ နည်းပြအာစင်ဝင်းဂါးက ဒီဆုကို ရခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နည်းပြရေနီယာရီက ဒီဆုကိုကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ။ " အင်္ဂလန်ရောက်လာတဲ့ ပထမဆုံးနှစ်မှာပဲ ကျွန်တော်ဟာ မယုံနိုင်စရာကောင်းလောက်တဲ့ အတွေ့အကြုံတွေ ခံစားထိတွေ့နေရပါတယ်။ ကျွန်တော့်ကို ရွေးချယ်မဲပေးသူတွေကို ကျေးဇူးပါတယ်။ ချစ်ခြင်းများစွာနဲ့ ဒီဆုကိုလက်ခံပါတယ်" လို့ ကွန်တီက ပြောပါတယ်။

play

 

ချယ်လ်ဆီးအသင်းက နည်းပြကွန်တီလက်ထက်မှာ ပရီးမီးယားလိဂ်နိုင်ပွဲ ၃၀ အထိ စံချိန်တင် ရရှိခဲ့ပြီး ၁၃ ပွဲဆက်တိုက် နိုင်ပွဲရတဲ့ စံချိန်လည်း ရခဲ့ပါသေးတယ်။ ဘရိုက်တန်နည်းပြ ခရစ္စတယ်ဟောက်တန်ကတော့ ချန်ပီယံရှစ် အကောင်းဆုံးနည်းပြဆု ရခဲ့ပါတယ်။ ဘရိုက်တန်အသင်းကို ပရီးမီးယားလိဂ် တန်းပြန်တက်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အတွက်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video