AD
AD
AD

ယနေ့ည ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ရင်တော့ မန်ယူအသင်း နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ။ တကယ်လို့ ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အပြင် အခြားသော ကြီးမားတဲ့ ဆုံးရှုံးမှုကို တွေကိုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

ဗိုလ်လုပွဲမှာ ရှုံးရင်မန်ယူအသင်း ဘာတွေဆုံးရှုံးမလဲဆိုတာဖော်ပြပေးပါ မယ်။

 

၁။ ဆုကြေး

play

 

ဒါကတော့ သေချာပါတယ်။ ချန်ပီယံဖြစ်တဲ့အသင်းကတော့ ဆုကြေးပိုရမှာပါ။ မန်ယူအသင်း ချန်ပီယံ မဖြစ်ခဲ့ဘူးဆိုရင်  ဆုကြေးက စတာလင်ပေါင် သုံးသန်းပဲရမှာ ဖြစ်ပါတယ်။  ချန်ပီယံ ဖြစ်တဲ့အသင်းကတော့ စတာလင်ပေါင် ၅.၅၇ သန်း ရရှိမှာ ဖြစ်ပါတယ်။

 

၂။ အသင်းဝင်ငွေ

play

 

ချန်ပီယံ မဖြစ်ခဲ့ဘူးဆိုရင် အသင်းရဲ့  နှစ်ပတ်လည် ဝင်ငွေမှာလည်း မန်ယူအသင်း နစ်နာရဖွယ်ရှိပါတယ်။ တကယ်လို့ ချန်ပီယံ ဆုနဲ့ လွဲမယ်ဆိုရင် နောက်နှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲမှာပါ။ အဲဒီအတွက် အသင်းရဲ့ ဂျာစီစပွန်ဆာ Adidas ထံကနေ ရမယ့်စပွန်ဆာကြေးတွေထဲက ပေါင် ၂၁ သန်းလောက် နစ်နာရမှာ ဖြစ်ပါတယ်။

 

၃။ ၂၀၁၇-၁၈ ဥရောပပြိုင်ပွဲဝင်ငွေ

play

 

လာမယ့် ၂၀၁၇-၁၈ ဘောလုံးရာသီရဲ့ ဥရောပပြိုင်ပွဲက ရတဲ့ဝင်ငွေအပိုင်းမှာလည်း မန်ယူအသင်း နစ်နာရဖို့ ရှိပါတယ်။ ဒီနေ့ ဗိုလ်လုပွဲ ချန်ပီယံ မဖြစ်ခဲ့ရင် နောက်နှစ်ယူရိုပါလိဂ်ကိုသာ ကစားရမှာ ဖြစ်တာကြောင့် ဝင်ငွေလျော့ကျဦးမှာ ဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲဝင်အသင်းတွေကို ချီးမြှင့်ဖို့ သတ်မှတ်ထားတဲ့ ပုံစံအရ မန်ယူအသင်းက ဝင်ငွေလျော့ကျဖွယ်ရှိပါတယ်။ စုစုပေါင်း ဥရောပပြိုင်ပွဲဝင် အသင်းတွေကို ဝင်ငွေခွဲပေးဖို့ အဖွဲ့ချုပ်က ပေါင် ၁.၄၈ ဘီလျံလောက်သုံးစွဲပါတယ်။ ဒီထဲက စတာလင်ပေါင် သန်းသုံးရာကျော်ကိုပဲ ယူရိုပါလိဂ် အသင်းတွေကို ခွဲပေးတာဖြစ်ပါတယ်။ ယူရိုပါလိဂ်သာ ကန်ရမယ်ဆို ဘယ်လောက် ဝင်ငွေလျော့ကျမလဲ ဆိုတာ မြင်သာနိုင်ပါတယ် ။

၎။ ကစားသမားခေါ်ယူခွင့်

play

 

မန်ယူအသင်းက ဒီနှစ်နွေမှာလည်း နာမည်ကျော်ကစားသမားတွေခေါ်ဖို့ အခွင့်အလမ်းများပြားနေပါတယ်။ ဥပမာ အသလက်တီကိုက ဂရိဇ်မန်းဆိုရင် မန်ယူကိုပြောင်းဖို့ စဉ်းစားနေတယ်လို့ ဝန်ခံသွားပြီးပါပြီ။ ဒါပေမယ့် ဆုံးဖြတ်ချက်ချဖို့ နှစ်ပတ်လောက် ကြာဦးမယ်ပြောပါတယ်။ အဓိပ္ပါယ်ကတော့ ချန်ပီယံလိဂ် ဝင်ခွင့်ရ၊ မရဆိုတာ စောင့်ကြည့်မယ့်သဘောပါပဲ။ ဒါကြောင့် ချန်ပီယံလိဂ်မဝင်ရင် နာမည်ကျော်ကစားသမားတွေခေါ်ခွင့် ဆုံးရှုံးနိုင်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD