AD
AD
AD

မန်ချက်စတာအရီနာ ဗုံးခွဲတိုက်ခိုက်ခံရမှုအ ပြီးမှာ ချယ်လ်ဆီးအသင်းက မြို့အတွင်းလှည့်လည်အောင်ပွဲခံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

 

ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းက လာမယ့်တနင်္ဂနွေနေ့မှာ လန်ဒန်မြို့အတွင်း ဘတ်စ်ကားနဲ့ လှည့်လည်ပြီး ပရိသတ်တွေနဲ့အတူ အောင်ပွဲခံဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် မန်ချက်စတာ အရီနာမှာ ပြုလုပ်ခဲ့တဲ့ အေရီယာနာဂရန်ဒီ ရှိုးပွဲမှာ ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရတဲ့အတွက် လူစုလူဝေးဖြစ်စေမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်တယ်။ ချယ်လ်ဆီးက လာမယ့်စနေနေ့မှာ အာဆင်နယ်အသင်းနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲ ကစားမှာဖြစ်ပြီး အဲဒီပွဲအပြီး နောက်တနေ့မှာ အောင်ပွဲခံဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။

play

 

လာမယ့်စနေနေ့ ကစားကြမယ့် ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း နှစ်ဖက်ကစားသမားတွေက အကြမ်းဖက်မှု ခံခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်းအားဖြင့် အနက်ရောင်လက်ပတ်တွေ ဝတ်ဆင်ကစားကြမယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အောင်ပွဲခံ အခမ်းအနား ဖျက်သိမ်းလိုက်တဲ့အကြောင်းရင်းကို အသင်းက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

play

 

အကြမ်းဖက်ခံခဲ့ရသူတွေအတွက် ဝမ်းနည်းပူဆွေးနေရတဲ့ ကာလမှာ အသင်းက အောင်ပွဲခံ အခမ်းအနား လုပမယ်ဆိုတာဟာ မနှစ်မြို့စရာ ဖြစ်ရာရောက်တဲ့အတွက် အခမ်းအနားကို ဖျက်သိမ်းလိုက်ပါတယ်လို့ ချယ်လ်ဆီးအသင်းက ကြေညာပါတယ်။ အကြမ်းခံရသူတွေ၊ ကျစ်ရစ်သူမိသားစုတွေကို အားပေးနှစ်သိမ်းကြောင်းလည်း ကြေညာချက်ထဲ ပါရှိပါတယ်။ အသင်းရဲ့ ဆုံးဖြတ်ချက်ကို ပရိသတ်တွေ နားလည်မယ်လို့ မျှော်လင့်ကြောင်းချယ်လ်ဆီးအသင်းက ထုတ်ပြန်ကြေညာထားပါတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD