AD
AD
AD

ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ မန်ယူအသင်းက အေဂျက်ဇ်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

 

မန်ယူအသင်းက ပေါ့ဂ်ဘာ၊ မက်ခီတာယန်းတို့ရဲ့ ဂိုေးတွနဲ့ အေဂျက်ဇ်အသင်းကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ၂၀၀၃ ခုနှစ်မှာ ပေါ်တူဂီကလပ်ပေါ်တိုအသင်းနဲ့ ဒီဆုဖလားကို ရရှိခဲ့ဖူးသူဖြစ်ပြီး ၁၄ နှစ်အတွင်း ဒုတိယအကြိမ်မြောက်ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အဆင့်-၆ သာရခဲ့ပေမယ့် ဒီပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့လို့မန်ယူအသင်း ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် ရရှိသွားခဲ့ပါပြီ။

play

 

မန်ယူအသင်းက ပထမပိုင်းမှာ တိုက်စစ်ထက်ခံစစ်ကိုသာ ဦးစားပေးပြီး ပိုကစားခဲ့တယ်ဆိုပေမယ့် ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့လို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာတင် ဂိုးဧရိယာထိပ်မှာ ပြန်ချပေးတဲ့ ဘောလုံးကို ပေါ့ဂ်ဘာက ကန်ချက်ပြင်းပြင်းနဲ့ ကန်သွင်းယူလိုက်လို့မန်ယူအသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့တာပါ။

play
အဖွင့်ဂိုးရှင် ပေါ့ဂ်ဘာ

 

ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့အတွက် မန်ယူအသင်းက ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ယူအီးအက်ဖ်အေစူပါဖလား သုံးခုလုံးရဖူးတဲ့အသင်းငါးသင်းစာရင်းထဲကို ဝင်လာခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး သုံးမိနစ်အကြာမှာတင် မန်ယူအသင်း ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ထောင့်ကန်ဘောက ကန်တင်လိုက်တဲ့ဘောလုံးကို စမောလင်ခေါင်းတိုက်ရာမှာ ဂိုးရှေ့ကျလာပြီး မက်ခီတာယန်းက ပိတ်သွင်းယူလိုက်တာဖြစ်ပါတယ်။

play

 

မက်ခီတာယန်းဟာ မန်ယူအသင်းအတွက် ဒီနှစ်ယူရိုပါလိဂ် ပြိုင်ပွဲမှာ သွင်းယူတဲ့ဂိုး ၆ ဂိုးရှိသွားခဲ့ပြီဖြစ်ပါတယ်။

play

 

အေဂျက်ဇ်အသင်းအနေနဲ့ အမှတ်ပေးပြိုင်ပွဲမှာလည်း ပြည်တွင်းပြိုင်ဘက် ဖီယင်နုကိုမကျော်ဖြတ်နိုင်ပဲ ချန်ပီယံဆုနဲ့ လွဲခဲ့ရသလို အခုလည်း ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပြန်ပြီဖြစ်ပါတယ်။ မန်ယူအသင်းကို ၆၉ ရာခိုင်နှုန်းအထိ ဘောလုံးအသာစီးရယူကာ ကစားနိုင်ခဲ့ပေမယ့် မန်ယူအသင်းဂိုးပေါက်ကိုတော့ ခြိမ်းခြောက်နိုင်မှု သိပ်ပြီးမပြုလုပ်နိုင်ခဲ့ပါဘူး။

play
အီဗရာဟီမိုဗစ်ခ်ျနှင့် ဆုဖလား
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD