ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အေဂျက်ဇ်အသင်းကို အနိုင်ရပြီးနောက် နည်းပြမော်ရင်ဟိုနဲ့ သူ့ရဲ့သားဖြစ်သူ ကွင်းအတွင်း ပွေ့ဖက်အောင်ပွဲခံတဲ့ ဓာတ်ပုံဟာ လူမှုကွန်ယက်မှာ ရေပန်းစားလျှက်ရှိပါတယ်။

 

မန်ယူအသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရနေချိန်မှာ ကွင်းလယ်ဒိုင်လူကြီးက ပွဲသိမ်းခရာမှုတ်လိုက်ပြီးတဲ့နောက် အသင်းကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ ဘယ်သူမှ အောင်ပွဲမခံသေးခင်မှာ မော်ရင်ဟိုက သူ့ရဲ့သားဖြစ်သူနဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ အသင်းချန်ပီယံ ဖြစ်ခဲ့ပြီးနောက် မော်ရင်ဟိုက သားဖြစ်သူနဲ့ ပွေ့ဖက်ကာ မြက်ခင်းပြင်ပေါ် လှဲချပြီးအောင်ပွဲခံခဲ့တာပါ။

play

 

နည်းပြမော်ရင်ဟိုက ယူရိုပါလိဂ် ဖလားကို ၂၀၀၃ ခုနှစ်မှာ ပေါ်တိုအသင်းနဲ့အတူ ရယူခဲ့ဖူးသူဖြစ်ပြီး မန်ယူအသင်းနည်းပြ ဘဝ ပထမဆုံးဘောလုံးရာသီမှာတင် ဥရောပချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အဆင့်-၆ နဲ့ ရာသီသိမ်းခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ပေမယ့် အခု ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့လို့ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားရတော့မှာ ဖြစ်ပါတယ်။

play

 

ပွဲသိမ်းခရာမှုတ်ပြီးတာနဲ့ တစ်ပြိုင်နက် နည်းပြမော်ရင်ဟိုရဲ့ သားဖြစ်သူ ဂျူနီယာဟိုဆေးဟာ ဖခင်ထံ ပြေးလာပြီး ပွေ့ဖက်လှဲချခဲ့တာဖြစ်ပါတယ်။ BT Sports ကအားကစားအစီအစဉ်တင်ဆက်သူကတော့ သူ့အနေနဲ့ ပေါ်တိုနဲ့အတူ မော်ရင်ဟို ချန်ပီယံလိဂ်ဖလားရပြီးနောက်ပိုင်း ကွင်းထဲမှာ မော်ရင်ဟို ဒီလောက်ပျော်နေတာကို ပထမဆုံးအကြိမ်ပြန်မြင်ဖူးခြင်းပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။ မော်ရင်ဟိုကဟာ မန်ယူနည်းပြဘဝ ပထမဆုံးနှစ်မှာ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရရှိခဲ့ပြီးပါပြီ။

play

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video