AD
AD
AD

မန်ချက်စတာအရီနာ ဗုံးပေါက်ကွဲမှုမှာ ဓါးစာခံ ဖြစ်ခဲ့ရသူတွေအတွက် ရည်ရွယ်ပြီး အာဆင်နယ်အသင်းက စတာလင်ပေါင် ငါးသောင်းလှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ တနင်္လာနေ့ညက မန်ချက်စတာမြို့က မန်ချက်စတာ အရီနာကွင်းမှာ အသေခံဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ၂၂ ဦးသေဆုံးခဲ့ပြီး ၆၂ ဦးသေဆုံးခဲ့တဲ့ အဖြစ်ဆိုးကို ကြုံတွေ့ခဲ့ရတာပါ။ မန်ချက်စတာ ဖြစ်ရပ်ဆိုး ကြုံခဲ့ရသူတွေအတွက် အနုပညာရှင်တွေနဲ့ အားကစားလောကရဲ့ အားကစားသမားတွေကလည်း ဆုတောင်းမှုတွေ၊ ကူညီမှုတွေ ပြုလုပ်ပေးလျှက်ရှိပါတယ်။

play

 

အာဆင်နယ်အသင်းဖောင်ဒေးရှင်းက မန်ချက်စတာဖြစ်ရပ်ဆိုးအတွက် လှူဒါန်းငွေပေးအပ်တဲ့အကြောင်း ကြေညာချက်တစ်စောင့် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ “ ဓားစာခံဖြစ်ခဲ့ရသူတွေနဲ့ အတူရှိကြောင်း၊ ဒီဖြစ်ရပ်ခံစားခဲ့ရသူတွေကို ကူညီပေးဖို့အတွက် ဗြိတိန်ကြက်ခြေနီအသင်းနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ We Love Manchester Emergency Fund အဖွဲ့ကို လှူဒါန်းငွေ စတာလင်ပေါင် ငါးသောင်းပေးခဲ့တာလို့ သိရပါတယ်။

play

 

“လှူဒါန်းငွေတွေဟ ထိခိုက်ခံစားခဲ့ရသူတွေကို ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ကြေညာချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။  မန်ချက်စတာအရီနာ အသေခံဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ဆက်စပ် သံသယရှိသူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးလျှက်ရှိတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်မှာ ရာသီသိမ်းချိန်မှာ အဆင့်-၅နဲ့သာ ရာသီသိမ်းခဲ့တဲအတွက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါပြီ။ လာမယ့်စနေနေ့မှာတော့ ချယ်လ်ဆီးအသင်းနဲ့ အက်ဖ်အေဖလား ပွဲစဉ် ကစားမှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD