AD
AD
AD

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းကို ရင်ဆိုင်ဖို့အတွက် အာဆင်နယ်အသင်း တိုက်စစ်မှူးဆန်းချက်ဇ်တစ်ယောက် အပြင်းအထန်လေ့ကျင့်လျက်ရှိပါတယ်။

play

 

တိုက်စစ်မှူး ဆန်းချက်ဇ်အနေနဲ့ ချယ်လ်ဆီးအသင်းကို ရင်ဆိုင်မယ့်ဗိုလ်လုပွဲစဉ်မှာ တက်စွမ်းသမျှ အစွမ်းကုန်ပေးဆပ်ကစားလိမ့်မယ်လို့လည်း နည်းပြအာစင်ဝင်းဂါးက ပြောကြားထားပါတယ်။ မေလ ၂၇ ရက်နေ့ရောက်ရင် ဝင်ဘာလေကွင်းမှာ ကစားမယ့် ဗိုလ်လုပွဲမှာ ဆန်းချက်ဇ်က အာဆင်နယ်အသင်းတိုက်စစ်ကို ဦးဆောင်လာမှာ ဖြစ်ပါတယ်။

play

 

အသင်းလေ့ကျင့်ရေးကွင်းမှာ ဘောင်းဘီအတိုနဲ့ အကျီအနက်ရောင်ကို ဝတ်ဆင်ကစားထားတဲ့ ဆန်းချက်ဇ်ထံမှာ ဗိုလ်လုပွဲအတွက် ဖိအားတွေမတွေ့ရဘူးလို့ မီဒီယာတွေကမှတ်ချက်ပေး ရေးသားထားကြပါတယ်။ အာဆင်နယ်အသင်းက လာမယ့်နှစ်ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးထားရတဲ့အပြင် ဗိုလ်လုပွဲမှာလည်း ချယ်လ်ဆီးနဲ့ တွေ့ရမှာဖြစ်လို့ ဖိအားတွေရှိနေတဲ့အချိန်ဆိုပေမယ့် တိုက်စစ်ကစားသမား ဆန်းချက်ဇ်က လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေနဲ့ ပျော်ရွှင်စွာလေ့ကျင့်ခန်း ဆင်းနေတာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

play

 

ဆန်းချက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂၄ ဂိုးသွင်းယူခဲ့ပြီး အသင်းဖော်တွေအတွက် ၁၀  ဂိုး ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဆန်းချက်ဇ်က အာဆင်နယ်အသင်းက ထွက်ခွာမယ်လို့ သတင်းထွက်နေသူလည်း ဖြစ်ပါတယ်။ နည်းပြအာစင်ဝင်းဂါးကတော့ ဆန်းချက်ဇ်ကို အသင်းမှာဆက်နေဖို့ ကြိုးစားလျှက်ရှိပါတယ်။

play

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD