AD
AD
AD

အင်္ဂလန်အသင်းလက်ရွေးစင် စာရင်းကနေ ချန်လှပ်ခဲ့ရပြီးနောက် အသင်းခေါင်းဆောင် ဝိန်းရွန်နေးဟာ မန်ယူအသင်းက ထွက်ခွာဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

 

ဘောလုံးရာသီပြီးဆုံးသွားပြီဖြစ်လို့ အခုလာမယ့်နွေရာသီအားလပ်ရက်မှာ မိသားစုနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ချက် ချသွားတော့မှာ ဖြစ်တယ်လို့ ရွန်နေးက တရားဝင် ဖွင့်ပြောလိုက်ပါတယ်။ မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နေးဟာ အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးလာတဲ့အပြင် အခုနောက်ဆုံး အင်္ဂလန်အသင်းရဲ့လက်ရွေးစင်လူစာရင်းမှာလည်း ရွေးချယ်ခြင်း မခံရတော့ပါဘူး။ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ တရုတ်စူပါလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ကစားသမားအပြောင်းအရွှေ့ရာသီက ဖွင့်လှစ်တော့မှာ ဖြစ်ပြီး အဲဒီကို ရွန်နေးကို ရောက်တော့မယ်လို့ သတင်းတွေက အခိုင်အမာဆိုပါတယ်။

play

 

အသင်းပြောင်းဖို့အတွက် အင်္ဂလန်ပြည်တွင်းကရော ပြည်ပကပါ ကမ်းလှမ်းချက်အများအပြား လက်ခံရရှိထားတယ်လို့ ရွန်နေးက ထုတ်ဖော်ပြောကြားပါတယ်။ “ စားပွဲပေါ်မှာ ကမ်းလှမ်းချက်တွေ ရှိထားပြီးပါပြီ။ ပြည်တွင်းရောပြည်ပကပါ အစုံပါပဲ။ ဆက်ပြီးဆုံးဖြတ်ဖို့ ကျန်ပါသေးတယ်။ နောက်တစ်ပတ်နှစ်ပတ်လောက် မိသားစုနဲ့ စကားပြောပြီးရင် ဆုံးဖြတ်ချက် ချမှာပါ” လို့ ရွန်နေးက ပြောခဲ့တာဖြစ်ပါတယ်။

play

 

ရွန်နေးကို အသင်းဟောင်း အဲဗာတန်အသင်းကလည်း ပြန်လည်ခေါ်ယူဖို့ စိတ်စားလျက်ရှိပါတယ်။ ဒါပေမယ့် တတိယမြောက် ပရီးမီးယားလိဂ်အသင်းကိုတော့ ပြောင်းဖို့မရှိကြောင်း ရွန်နေးက ငြင်းဆိုပါတယ်။ “ ကလပ်အသင်းဘာတွေ လိုအပ်နေလဲ ဆိုတာ ကျွန်တော်သိမယ်ထင်တာပါပဲ။ ကျွန်တော်လေးစားမှုရှိပါတယ်။ အသင်းရဲ့ ဖလားအောင်မြင်မှုတွေမှာ အစိတ်အပိုင်းတစ်ခုဖြစ်ခွင့်ရလို့ ပျော်ရပါတယ်” လို့ ရွန်နေးက ပြောခဲ့တာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD