AD
AD
AD

ချယ်လ်ဆီးနဲ့ အာဆင်နယ် မေလ ၂၇ ရက်နေ့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်စ် ပွဲထွက်စာရင်းပါဝင်ဖွယ်မရှိဘူလို့ သိရပါတယ်။

 

ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ကို နည်းပြကွန်တီက အရန်စာရင်းထဲကိုသာ ထည့်သွင်းထားဖွယ်ရှိတယ်လို့ ဗြိတိန်သတင်းတွေကဆိုပါတယ်။ ဗိုလ်လုပွဲမတိုင်ခင် ချယ်လ်ဆီးအသင်း လေ့ကျင့်ခန်းဆင်နေတဲ့ ဓာတ်ပုံတွေအရ ဖာဘဂရီဂတ်စ်ဟာ ချယ်လ်ဆီးရဲ့ ပွဲထွက်စာရင်းမှာ မပါဝင်ခဲ့ပါဘူး။ ဖာဘရဂတ်စ်ရဲ့ နေရာမှာ ကွင်းလယ်ကစားသမား မာတစ်ကို ကွန်တီအစားထိုး ပွဲထွက်ခိုင်းမယ်လို့ ယုံကြည်ရပါတယ်။

play

 

နည်းပြကွန်တီက ဗိုလ်လုပွဲအတွက် ချယ်လ်ဆီးအသင်း လူစာရင်းကိုတော့ တရားဝင်ထုတ်မပြောသေးပါဘူး။ ကွင်းလယ်ကစားသမား မာတစ်ဟာ ဝက်စဘရွန်းကို ချယ်လ်ဆီး အနိုင်ရခဲ့တဲ့ မေလ ၁၂ ရက်နေ့ ပွဲစဉ်ကတည်းက အသင်းအတွက် ပွဲထွက်ခွင့် မရသေးသူ ဖြစ်ပါတယ်။ ဖာဘရီဂတ်စ်ကက သူ့ရဲ့အသင်းဟောင်းကို ဗိုလ်လုပွဲမှာ ပြန်လည်ရင်ဆိုင်မယ့် အခွင့်အရေး ဆုံးရှုံးရဖို့ များနေပါတယ်။

play
ဖာဘရီဂတ်စ်နှင့် မာတစ်

 

ချယ်လ်ဆီးအသင်းနောက်ဆုံးကစားခဲ့တဲ့ လေးပွဲမှာ ဖာဘရီဂတ်စ်ကသုံးပွဲ ပွဲထွက်ခွင့် ရထားပြီး ဝက်ဖို့ဒ်အသင်းကို ၄-၃ ဂိုးနဲ့အနိုင်ရတဲ့ပွဲစဉ်မှ နောက်ကျ အနိုင်ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့် ရဖွယ်မရှိဘူးဆိုပေမယ့် နည်းပြကွန်တီရဲ့ နည်းဗျူဟာအရ ဖာဘရီဂတ်စ်ဟာ လူစားဝင်ရာမှာလည်း အရေးပါတဲ့ ဂိုးတွေကို ရယူဖန်တီးပေးတဲ့ ကစားသမားဖြစ်နေပါတယ်။

play

 

“ စိတ်လှုပ်ရှား ခံစားရမယ့်ပွဲပါပဲ။ ကျွန်တော့်အတွက်တော့ သာမန်ပွဲတစ်ပွဲထက်ကို ပိုတဲ့ပွဲမျိုး ဖြစ်မှာပါ။ အာဆင်နယ်ဟာ ကျွန်တော့်နှလုံးသားထဲမှာ အမြဲရှိတဲ့အသင်းပါ။ ဒါပေမယ့် ပရော်ဖက်ရှင်နယ်တစ်ယောက် အနေနဲ့ သူတို့နဲ့ ရင်ဆိုင်ရတဲ့အခါ ခံစားချက်ကို ဘေးဖယ်ရမှာဖြစ်ပါတယ်။ သူတို့ကို အနိုင်ယူပြီး ဒီရာသီ ဖလားနှစ်လုံးရမယ်လို့ မျှော်လင့်ပါတယ်” လို့ ဖာဘရီဂတ်စ်က ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD