AD
AD
AD

မန်ယူအသင်းအတွက် ခေါ်ယူဖို့ လိုအပ်တဲ့ ကစားသမားစာရင်းကို ရွေးချယ်ပြီးသွားပြီဖြစ်ကြောင်း မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

 

အခုနှစ်နွေရာသီမှာ အသင်းအတွက် လိုအပ်မယ့်ကစားသမားတွေကို ခေါ်ယူဖို့အတွက် အသင်းဒုတိယဥက္ကဌ ဝုဒ်ဝက်ထံ ပေးပို့ပြီးသွားပြီလို့ မော်ရင်ဟိုက ပြောပါတယ်။ ဘောလုံးရာသီပြီးဆုံးသွားတဲ့ လက်ရှိအချိန်မှာ  သူ့ဘက်က စောင့်နေဖို့ တစ်ခုသာ လုပ်စရာရှိပြီး ဆက်ကြိုးစားရမှာ အသင်းဒုဥက္ကဌနဲ့ အသင်းပိုင်ရှင်တွေရဲ့ အလုပ်ဖြစ်သွားပြီလို့ မော်ရင်ဟိုက ဆိုခဲ့တာဖြစ်ပါတယ်။

play

 

လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ရာသီသစ်အတွက် လိုအပ်မယ့် ကစားသမားစာရင်းကို မော်ရင်ဟိုက အသင်းဒုတိယဥက္ကဌဝုဒ်ဝက်ထံ အကြောင်းကြားထားခဲ့တာဖြစ်ပါတယ်။ နည်းပြမော်ရင်ဟို မန်ယူအသင်းရဲ့ ရာသီသစ်အတွက် ဦးစားပေးခေါ်ယူမယ့်စာရင်းမှာ ဂရိဇ်မန်းက အဓိကပစ်မှတ်လို့ ယုံကြည်ရပြီး နောက်ခံကစားသမားတွေကိုလည်း အရေးကြီးစာရင်းထဲမှာ ထည့်သွင်းထားကြောင်း သိရပါတယ်။

play
ဆွီဒင်လူငယ်ကစားသမား လင်ဒီလော့ဖ်

 

မော်ရင်ဟိုနဲ့ မန်ယူအသင်းက နောက်ခံကစားသမားတွေ ခေါ်ယူဖို့ သုံးဦးအထိ ရွေးချယ်ထားတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။ မနှစ်က မန်ယူအသင်းခေါ်ယူဖို့ နီးစပ်လိုက်တဲ့ ဘင်ဖီကာ နောက်ခံလူ လင်ဒီလော့ဖ်အပါအဝင် ဆောက်သမ်တန် ဗဟိုနောက်ခံလူ ဗန်ဒစ်ခ်ျနဲ့ ဘန်လေကစားသမား မိုက်ကယ်ကိန်းတို့လည်း ပါဝင်နေကြောင်း သိရပါတယ်။

play

 

ခေါ်ယူဖို့ ရွေးချယ်ထားတဲ့ အထက်ပါနောက်ခံကစားသမား သုံးဦးထဲက အနည်းဆုံးတစ်ဦးကို လာမယ့် သြဂုတ်လမတိုင်ခင်ခေါ်ယူဖို့ မန်ယူအသင်းကြိုးစားနေတာပါ။ အထူးသဖြင့် ဘင်ဖီကာလူငယ်ကစားသမား လင်ဒီလော့ဖ်ဟာ မနှစ်က အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် မန်ယူရောက်ဖို့ အလွန်နီးစပ်ခဲ့ပေမယ့် အဆုံးသတ်ညှိနှိုင်းမှု အဆင်မပြေခဲ့လို့ ဘင်ဖီကာမှာ ဆက်နေခဲ့သူဖြစ်ပါတယ်။ မိုက်ကယ်ကိန်းကတော့ လူငယ်ကစားသမားဘဝကို မန်ယူမှာ ဖြတ်သန်းခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ဘန်လေအသင်းကို ပေါင် ၂ သန်းနဲပ ရောင်းချခဲ့တာဖြစ်ပါတယ်။

play
ဘန်လေ နောက်ခံလူ မိုက်ကယ်ကိန်း

 

ဆောက်သမ်တန်အသင်းကစားသမား ဝမ်ယာမာအတွက်တော့ မန်ယူဘက်က ပေါင်သန်း ၅၀ ဝန်းကျင်ပေးချေရဖွယ်ရှိနေပါတယ်။  

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD