AD
AD
AD

ဘာနာဒိုဆေးလ်ဗားရဲ့ ဘောလုံးစွမ်းရည်


မန်ချက်စတာစီးတီးက ပေါ်တူဂီ ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားကို ပြင်သစ်ကလပ် မိုနာကိုမှ အပြီးသတ် စာချုပ်ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် မိုနာကို ကစားသမားဟာ ဇူလိုင် ၁ ရက်မှာ မန်စီးတီးအသင်းနဲ့အတူ ပါဝင်လာမယ်လို့ ဆိုပါတယ်။

ဆေးလ်ဗားကို ပေါင်စတာလင် ၄၃ သန်းဖြင့် မန်စီးတီးက ခေါ်ယူခြင်းဖြစ်ကြောင်း BBC သတင်းမှာ ဖော်ပြထားပြီး Daily Mail သတင်းကတော့ ဆေးလ်ဗားကို စာချုပ်ခေါ်ယူမှုအတွက် မန်စီးတီးက စုစုပေါင်း ပေါင်စတာလင် သန်း ၆၀ သုံးစွဲခဲ့ရနိုင်ကြောင်း ပြောပါတယ်။

play


ဆေးလ်ဗားဟာ လိုအပ်တဲ့ ဆေးစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် မန်စီးတီးအသင်းနဲ့ ၅ နှစ်သက်တမ်း စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးက ဆေးလ်ဗားကို အပြီးသတ် စာချုပ်ခေါ်ယူမှုကို သောကြာနေ့ (မေလ ၂၆ ရက်) နှောင်းပိုင်းမှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

play


ဆေးလ်ဗားဟာ ပြင်သစ်လီဂူးချန်ပီယံ မန်စီးတီးအသင်းမှာ ယခု ဘောလုံးရာသီအတွင်း ၅၈ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူကာ ဂိုးသွင်းခွင့် ၁၂ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မိုနာကိုအသင်းအတွက် ကစားခဲ့တဲ့ ၅၈ ပွဲအနက် မန်စီးတီးနဲ့ တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲလည်း ပါဝင်ခဲ့ပါတယ်။ ဆေးလ်ဗားဟာ ပေါ်တူဂီလက်ရွေးစင်အဖြစ် ၁၂ ပွဲ ပါဝင်ကစားခဲ့ပြီး တစ်ဂိုး သွင်းယူထားပါတယ်။

play


မန်စီးတီးအသင်းဟာ ပရီမီးယားလိဂ်မှာ အဆင့် ၃ နေရာမှ ရပ်တည်နိုင်ခဲ့ပြီး လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့် ရရှိခဲ့ပါတယ်။ မိုနာကိုအသင်းက ယခု ဘောလုံးရာသီမှာ ပြင်သစ်လီဂူး ချန်ပီယံဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ဆီးမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဂျူဗင်တပ်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

play
မန်စီးတီးနည်းပြ ဂွာဒီယိုလာ


ကွင်းလယ်တိုက်စစ် ကစားသမား ဆေးလ်ဗားဟာ မန်စီးတီးအိမ်ကွင်းမှာ ဖေဖေါ်ဝါရီလအတွင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ပြီးနောက် မန်စီးတီးနည်းပြ ဂွာဒီယိုလာက ခေါ်ယူရန်ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆေးလ်ဗာဟာ မန်စီးတီးအသင်း သမိုင်းတစ်လျှောက် ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ဈေးအကြီးဆုံး ကစားသမား ၅ ဦးစာရင်းမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဘင်ဖီကာ ဘောလုံးအကယ်ဒမီထွက် ဆေးလ်ဗားဟာ ညာတောင်ပံ ကွင်းလယ်တိုက်စစ်နေရာမှာ အကောင်းဆုံး ကစားနိုင်သူဖြစ်ကြောင်း သိရပါတယ်။

play


ဗြိတိန် ဘောလုံးကလပ်အသင်းတွေ ခေါ်ယူခဲ့တဲ့ လက်ရှိ ဈေးအကြီးဆုံး ကစားသမား ၁၀ ဦး

(၁) ပေါ့ဂ်ဘာ - ဂျူဗင်တပ်မှ မန်ယူသို့ (ပေါင်စတာလင် ၈၉ သန်း)
(၂) ဒီမာရီယာ - ရီးရဲလ်မက်ဒရစ်မှ မန်ယူသို့ (ပေါင်စတာလင် ၅၉.၇ သန်း)
(၃) ဒီဘရိုင်း - ဝုလ်ဘတ်မှ မန်ယူသို့ (ပေါင်စတာလင် ၅၅ သန်း)
(၄) တောရက်စ် - လီဗာပူးမှ ချယ်လ်ဆီးသို့ (ပေါင်စတာလင် သန်း ၅၀)
(၅) ဂျွန်စတုန်း - အဲဗာတန်မှ မန်စီးတီးသို့ (ပေါင်စတာလင် ၄၇.၅ သန်း)
(၆) စတာလင် - လီဗာပူးမှ မန်စီးတီးသို့ (ပေါင်စတာလင် ၄၄ သန်း)
(၇) ဘာနာဒိုဆေးလ်ဗား - မိုနာကိုမှ မန်စီးတီးသို့ (ပေါင်စတာလင် ၄၃ သန်း)
(၈) အိုဇေး - ရီးရဲလ်မက်ဒရစ်မှ အာဆင်နယ်သို့ (ပေါင်စတာလင် ၄၂.၄ သန်း)
(၉) အဂူရို - အသလက်တီကိုမှ မန်စီးတီးသို့ (ပေါင်စတာလင် ၃၈ သန်း)
(၁ဝ) မာတာ - ချယ်လ်ဆီးမှ မန်ယူသို့ ( ပေါင်စတာလင် ၃၇.၁ သန်း)
Source & Photo: BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD