AD
AD
AD

ရီးရဲလ်မက်ဒရစ်အသင်းက ဂိုးသမားဒီဂီယာကို ခေါ်ယူချင်တယ်ဆိုရင် ကစားသမားတစ်ဦး ပြန်ရောင်းချပေးရမယ်လို့ မန်ယူအသင်းက တောင်းဆိုထားပါတယ်။

 

စပိန်သတင်းစာ Marca ရဲ့ အဆိုအရ ရီးရဲလ်မက်ဒရစ်အသင်းက ဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ အစွမ်းကုန်ကြိုးပမ်းနေတဲ့အတွက် မန်ယူအသင်းဘက်က အခုလို ပြန်လည်တောင်းဆိုထားတာလို့ သိရပါတယ်။ ဂိုးသမားဒီဂီယာကိုခေါ်ယူချင်တယ်ဆိုရင် ရီးရဲလ်မက်ဒရစ်အနေနဲ့ သူတို့အသင်းတိုက်စစ်မှူး မိုရာတာကို ခေါ်ယူခွင့်ပြန်ပေးရမယ်လို့ မန်ယူက တောင်းဆိုထားတာပါ။

play
မန်ယူဂိုးသမား ဒီဂီယာ

 

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ မန်ယူဂိုးသမား ဒီဂီယာကို ခေါ်ဖို့ ကြိုးစားနေတာ နှစ်နှစ်ရှိသွားခဲ့ပြီဖြစ်ပြီး ဒီနှစ်မှာတော့ အပြီးသတ်ခေါ်ယူနိုင်မယ်လို့ ယူဆရပါတယ်။ ဒီဂီယာကိုယ်တိုင်ကလည်း သူ့ရဲ့မွေးရပ်မြေ စပိန်မြေကို ပြန်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားပေးလိုလျှက်ရှိပါတယ်။

play
ရီးရဲလ်တိုက်စစ်မှူး မိုရာတာ

 

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး မိုရာတာဟာ မန်ယူအသင်းနည်းပြမော်ရင်ဟိုနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ ကစားသမားဖြစ်ပါတယ်။ မိုရာတာကို မော်ရင်ဟိုဘက်က သဘောကျတာကြောင့် ဒီဂီယာကို ရောင်းချရမယ်ဆိုရင် မိုရာတာကို ပြန်ခေါ်ခွင့်ပေးဖို့ မန်ယူဘက်က တောင်းဆိုထားတာပါ။

play

 

ဂိုးသမား ဒီဂီယာရဲ့ ပြောင်းရွှေ့ကြေးအတွက် ရီးရဲလ်မက်ဒရစ်အသင်းဘက်က ယူရို ၇၅ သန်းလောက် ပေးချေရဖွယ်ရှိပေမယ့် မိုရာတာကို မန်ယူအသင်းထံ ပြန်ရောင်းချမယ်ဆိုရင်တော့ ဒီဂီယာအတွက် ၂၅ သန်း လောက်သာ ပေးရတော့ဖွယ်ရှိပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD