ဒီနေ့ အာစင်ဝင်းဂါးနဲ့ အာဆင်နယ်အသင်း စာချုပ်သစ်ကိစ္စဟာ ဒီနေ့ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲ ရလဒ်ကိုကြည့်ပြီး ဆုံးဖြတ်မှာမဟုတ်ဘူးလို့ သိရပါတယ်။

 

ဗြိတိန်မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်အရ ဒီနေ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်း ဘယ်လိုရလဒ်ပဲ ထွက်ထွက် နည်းပြအာစင်ဝင်းဂါးကို နှစ်နှစ်စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်ထားပြီးပြီလို့ သိရပါတယ်။ ၂၀၁၆ မကုန်ခင်ကတည်းက နည်းပြအာစင်ဝင်းဂါးကို အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။ အာစင်ဝင်းဂါးကတော့ စာချုပ်သစ်ကို လက်မှတ်မထိုးရသေးပါဘူး။

play

 

အာဆင်နယ်အသင်းက ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဝင်ခွင့်လွဲချော်ခဲ့ပေမယ့် အသင်းဘက်ကတော့ အာစင်ဝင်းဂါးကိုဆက်လက်ထောက်ခံပြီး စာချုပ်သက်တမ်း နှစ်နှစ်ထပ်တိုးသွားဖို့အဆင်သင့်ပြင်ဆင်ထားတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ အာစင်ဝင်းဂါး စာချုပ်သစ်ကိစ္စကို လာမယ့်တစ်ပတ် အစောပိုင်းမှာပဲ အသင်းဘက်က ထုတ်ပြန်ကြေညာဖွယ်ရှိပါတယ်။ နောက်တစ်ပတ်ထဲ ကျင်းပမယ့် အသင်းရဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ဒီကိစ္စကို အတည်ပြုမှာပါ။

play

 

အာစင်ဝင်းဂါးအနေနဲ့ အသင်းမှာ မန်နေဂျာအဖြစ် ဆက်ရှိမနေတော့ဘူးဆိုရင် အသင်းဒါရိုက်တာတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြပေမယ့် အာစင်ဝင်းဂါးကတော့ ဒီအချက်ကို ငြင်းဆိုထားပါတယ်။ သူ့အနေနဲ့ ဘောလုံးအသင်းမန်နေဂျာလုပ်ဖို့ကိုသာ ပိုပြီးစိတ်အားထက်သန်လျှက်ရှိပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video