AD
AD
AD

ဝင်ဘာလေကွင်းမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းက ချယ်လ်ဆီးကို အနိုင်ယူပြီး လေးနှစ်အတွင်း သုံးကြိမ်မြောက် ချန်ပီယံဆုဖလားကို ရရှိခဲ့ပါတယ်။

 

ခံစစ်ဒဏ်ရာပြဿနာများပြားခဲ့တဲ့ အာဆင်နယ်အသင်းက ဒီနေ့ပွဲစဉ်မှာ နောက်တန်းသုံးဦးထားတဲ့ ကစားကွက်နဲ့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ မာတီဆက်ကာ၊ ရော့ဘ်ဟိုးလ်ဒင်းနဲ့ မွန်ရီရဲလ်တို့ သုံးဦးဟာ ဗဟိုခံစစ်ကစားသမားတွေပုံစံ ကစားခဲ့ရပြီး ချိန်ဘာလိန်နဲ့ ဘယ်လာရင်တို့ကို ဘေးတစ်ဖက်ဆီကနေ အတက်အဆင်းလုပ်ကာ ကစားခဲ့ရပါတယ်။ ထူးခြားတာကတော့ အထောင်တိုက်စစ်နေရာမှာ ဝဲလ်ဘက်ကို ပွဲထွက်ကစားစေခဲ့တာဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးအသင်းက ထုံးစံအတိုင်း ၄-၃-၃ ပုံစံနဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ ဟာဇက်၊ ကော်စတာ၊ ပက်ဒရို၊ တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ ပွဲစပြီး လေးမိနစ်အကြာမှာပဲ အာဆင်နယ်အသင်း အဖွင့်ဂိုး ရသွားခဲ့တာဖြစ်ပါတယ်။ ဆန်းချက်ဇ် ဂိုးဧရိယာထဲ မ, တင်ပေးလိုက်တဲ့ ဘောလုံးကို ဒေးဗစ်လုဇ် ခေါင်းတိုက်ဖျက်ရာမှာ ဆန်းချက်ဇ်ပဲ ဘောလုံးဆွဲပြေးယူသွားပြီး ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

play
ဆန်းချက်ဇ်ရဲ့ ပထမဂိုး

 

ဒီဂိုးကို စည်းကြပ်ဒိုင်က အလံထောင်ခဲ့လို့ လူကျွံဘောလိုလို ဖြစ်ခဲ့သေးပေမယ့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် ချယ်လ်ဆီးအသင်းက အာဆင်နယ်ကို တရစပ် ဖိအားပြန်ပေးခဲ့ပေမယ့် ပထမပိုင်းတစ်ပိုင်းလုံး ချေပဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက တိုက်စစ်မှူး ကော်စတာ ပထမပိုင်းမှာ အပိုင်အခွင့်အရေးတွေ ရပေမယ့် အသုံးမချနိုင်ဖြစ်ခဲ့ရပါတယ်။

play

 

အာဆင်နယ်အသင်း ခံစစ်ကလည်း မာတီဆက်ကာအပါအဝင် ကစားသမားတွေခြေစွမ်းပြခဲ့လို့ ချယ်လ်ဆီးတိုက်စစ်အခက်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ဆင်မှုကို အာဆင်နယ် ပိုမိုခံစားခဲ့ရပြီး ၅၃ မိနစ်မှာ နောက်ခံလူ ဟိုးလ်ဒင်း အဝါကတ်ပြခံလိုက်ရပါတယ်။ ချယ်လ်ဆီးက ဖြတ်တင်ဘောတွေနဲ့ရော တွဲလုံးတွေနဲ့ပါ အာဆင်နယ်ကို ပိုမို ဖိအားပေးကစားခဲ့တာဖြစ်ပါတယ်။

play
အနီကတ်ပြခံရတဲ့ မော့ဆက်

 

တစ်ဂိုးပေးထားရတဲ့ ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးရဖို့ ပိုပြီးခက်ခဲစေမယ့်ဖြစ်ရပ်တစ်ခု ၆၈ မိနစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဂိုးဧရိယာထဲမှာ ဟန်ဆောင်လှဲချတယ်လို့ ယူဆတဲ့အတွက် မော့ဆက်ကို ဒိုင်လူကြီးက ဒုတိယအဝါကတ်ပြပြီး ထုတ်လိုက်တာပါ။ အဲဒီနောက် ချယ်လ်ဆီးအတွက် ပက်ဒရိုအစား ဝီလျံဝင်ရောက်လာပါတယ်။

ဗိုလ်လုပွဲရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်က ပွဲချိန် ၇၀ ကျော်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ လူစားဝင် ကစားသမား ဝီလျံက ဂိုးဧရိယာထဲ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ကော်စတာက သွင်းယူလိုက်တာဖြစ်ပါတယ်။

play

 

ဒါပေမယ့် နှစ်မိနစ်အကြာမှာပဲ အာဆင်နယ်က ဦးဆောင်ဂိုး ပြန်ရသွားပါတယ်။ တိုက်စစ်မှူး ဂျီရုဒ်က လူစားဝင်လာပြီး တစ်မိနစ်အကြာမှာပဲ ရမ်ဆေးကို ဖန်တီးပေးလိုက်လို့ ဂိုးရသွားခဲ့တာပါ။ မိနစ် ၈၀ ကျော်လာတဲ့အချိန်မှာ အာဆင်နယ်အသင်း နောက်ထပ်ဂိုးရဖို့ ဘယ်လာရင် အခွင့်အရေး ရခဲ့သလို ကော်စတာရဲ့ အပိုင်အဆုံးသတ်မှုကိုလည်း အာဆင်နယ်ဂိုးသမား အော်စပီနာ ကာကွယ်သွားခဲ့တယ်လို့ သိရပါတယ်။

play

ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းရဲ့ အက်ဖ်အေဖလား အောင်မြင်မှုဟာ ၁၃ ကြိမ်အထိ ရှိလာခဲ့သလို နည်းပြအာစင်ဝင်းဂါးလည်း အက်ဖ်အေဖလား သမိုင်းမှာ အောင်မြင်မှုအ ရဆုံး နည်းပြဖြစ်လာခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD