ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျဟာ မန်ယူအသင်းမှာ နောက်တစ်နှစ်ဆက်နေဖွယ် ရှိကြောင်း သိရပါတယ်။

 

ယူရိုပါလိဂ်ပွဲစဉ်မှာ ဒဏ်ရာရခဲ့ပြီးနောက် ကာလကြာရှည်အနားယူရတော့မယ်လို့ သတင်းထွက်ခဲ့ပေမယ့် အီဘရာဟီမိုဗစ်ခ်ျဟာ ထင်ထားခဲ့တာထက် အချိန်တိုအတွင်းမှာ ဒဏ်ရာသက်သာမှု တိုးတက်လာခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ နှစ်ကုန်အထိ အနားယူရဖွယ်ရှိတယ်လို့ ခန့်မှန်းမှုတွေရှိခဲ့ပေမယ့် အခုဒဏ်ရာအခြေအနေအရ သိပ်မကြာခင်မှာ ဘောလုံးပြန်ကစားနိုင်ဖွယ်ရှိနေပါတယ်။

play

 

အီဘရာဟီမိုဗစ်ခ်ျက မေဂျာလိဂ်ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပြီး မန်ယူအသင်းနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးတော့မယ်လို့ ဆိုပါတယ်။ မိုဗစ်ခ်ျရဲ့ အေးဂျင့်ဖြစ်သူ ရေးအိုလာကလည်း ဒီအချက်ကို အတည်ပြုပေးခဲ့ပါတယ်။ “ မိုဗစ်ခ်ျ မန်ယူမှာ ဆက်နေမလားဟုတ်လား။ ကျွန်တော်လည်း မသိသေးဘူး။ အသင်းနဲ့ ဆွေးနွေးရဦးမယ်။ ဇလေတန်အတွက် ကမ်းလှမ်းချက်တွေအများကြီးရှိပါတယ်။ သူကတစ်နှစ်ဒါမှမဟုတ် နှစ်နှစ်လောက် ဘောလုံးကစားနိုင်ပါသေးတယ်” လို့ ကစားသမားရဲ့ ကိုယ်စားလှယ်ဖြစ်သူ ရေးအိုလာက ပြောခဲ့တာပါ။

play

 

ကလပ်အသင်းများစွာရဲ့ ကမ်းလှမ်းမှုတွေရှိနေပေမယ့် မိုဗစ်ခ်ျဟာ ဥရောပမှာပဲ ဆက်နေဖို့များတယ်လို့ အေးဂျင့်ရေးအိုလာက အရိပ်အမြွက်ပြောခဲ့တာဖြစ်ပါတယ်။ အီဗရာဟီမိုဗစ်ခ်ျရဲ့ ဒဏ်ရာတိုးတက်မှုအပေါ် မူတည်ပြီး မန်ယူအသင်းဘက်ကလည်း စာချုပ်သစ်ကိစ္စကို ဆွေးနွေးဖွယ် ရှိနေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video