AD
AD
AD

မန်ယူအသင်းရဲ့ ဘောလုံးရာသီအပြီးမှာ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက အပန်းဖြေခရီးစဉ်တွေ ဦးစားမပေးဘဲ  ဝတ်ပြုဥပုသ်ခရီးစဉ်အဖြစ် ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိနေကြောင်း သိရပါတယ်။

ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံး ဘောလုံးသမားဖြစ်တဲ့ ပေါ့ဂ်ဘာက ဆော်ဒီမှာရှိတဲ့ မက္ကာမြို့ကို ဝတ်ပြုခရီးစဉ်အဖြစ်သွားရောက်တာဖြစ်ပြီး ဓာတ်ပုံတွေကို သူကိုယ်တိုင်လူမှုကွန်ယက်ကတဆင့် မျှဝေခဲ့တာဖြစ်ပါတယ်။ ဝတ်ပြုဖို့ ရောက်လာကြတဲ့ အစ္စလာမ်ကိုးကွယ်သူတွေ ဝတ်လေ့ရှိတဲ့ အဝတ်ဖြူကို ပေါ့ဂ်ဘာ ဝတ်ဆင်ထားပြီး Happy Ramadan ပါလို့ ဆုတောင်းပေးထားပါတယ်။

play

 

အင်စတာဂရမ်မှာ တင်ထားတဲ့ ဓာတ်ပုံအောက်မှာတော့ ဘဝရဲ့ မြင်ဖူးသမျှတွေထဲမှာ အလှဆုံးအရာပဲ ဆိုပြီး ပေါ့ဂ်ဘာ ရေးသားဖော်ပြထားပါသေးတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မန်ယူအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား အောင်ပွဲခံပြီးတဲ့နောက် ပေါ့ဂ်ဘာက ဥပုသ်ခရီးစဉ်အဖြစ် ဆော်ဒီအာရေဗျနိုင်ငံကို ထွက်ခွာလာတာဖြစ်ပါတယ်။

 

အရွယ်ရောက်ပြီးသူ အစ္စလာမ်ဘာသာဝင်တိုင်းဟာ မက္ကာမြို့ကို ဝတ်ပြုဆုတောင်းပြီး ဥပုသ်စောင့်ဖို့ တစ်သက်မှာ တစ်ခါတော့ ရောက်လာသင့်တဲ့နေရာလို့ မှတ်ယူထားကြပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပေါ့ဂ်လာက မန်ယူအသင်းနဲ့အတူ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားနဲ့ ကွန်မြူနတီ ဒိုင်းတို့ကို ရရှိထားပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

play

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD