အာဆင်နယ်အသင်း အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ ဆန်းချက်ဇ်နဲ့ အိုဇေးလ်ကိုအသင်းဘက်က ပေါင်သန်း ၃၀ အထိ အသုံးပြုပြီးလုပ်လစာပေးချေကာ စာချုသက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဘက်က အဆိုပါကစားသမားနှစ်ဦးလုံးကို လုပ်ခလစာ တိုးမြှင့်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပေမယ့် ကစားသမားတွေဘက်က တောင်းဆိုတဲ့လုပ်လစာကို လိုက်မီခြင်းမရှိသေးတာကြောင့် စာချုပ်သစ်ချုပ်ဖို့ အခက်တွေ့နေရဆဲ ဖြစ်ပါတယ်။ ဆန်းချက်ဇ်အတွက် တစ်ပတ်စာ လုပ်ခလ ပေါင် ၂၇၅၀၀၀ နဲ့ အိုဇေးလ်အတွက် တစ်ပတ်လုပ်ခ ပေါင် ၂၈၀၀၀၀ ပေးပြီးကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

 

ဒါပေမယ့် Mirror သတင်းစာရဲ့ အဆိုအရ အိုဇေးလ်ဘက်က တစ်ပတ်လုပ်လစာ ပေါင် သုံးသိန်းခွဲအထိ အသင်းဘက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ အဆိုပါ ကစားသမားနှစ်ဦးလုံး အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပေမယ့် အသင်းတွေရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။ ဒီကစားသမားနှစ်ဦးအသင်းမှာ ဆက်ရှိမရှိ ဆိုတာဟာ နည်းပြအာစင်ဝင်းဂါး အသင်းမှာ နောက်ရာသီ ဆက်နေဖြစ်၊ မနေဖြစ်ဆိုတာနဲ့လည်း ဆက်စပ်လျှက်ရှိတယ်လို့ သိရပါတယ်။

play

 

အသင်းဘက်က နောက်ဆုံး ကမ်းလှမ်းလိုက်တဲ့ စာချုပ်သစ်ကိုတော့ ကစားသမားနှစ်ဦးလုံး လက်ခံချုပ်ဆိုလိမ့်မယ်လို့ အသင်းဘက်က ယုံကြည်လျှက်ရှိပါတယ်။ အာဆင်နယ်တိုက်စစ်ကစားသမား ဆန်းချက်ဇ်ကို ဘိုင်ယန်မြူးနစ်အသင်းကလည်း ခေါ်ယူဖို့ စောင့်ကြည့်လျှက်ရှိပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးရဲ့ အနာဂတ်ကိုလည်း ဒီကနေ့ အာဆင်နယ်အသင်းပြုလုပ်မယ့် နှစ်ပတ်လည်း ဘုတ်အဖွဲ့အစည်းအဝေးပြီးတဲ့အခါ သိရမှာ ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းကနောက်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်ပြိုင်ခွင့်မရတဲ့အတွက် ကစားသမားနှစ်ဦးလုံးကို ထိန်းသိမ်းဖို့ခက်ခဲလျက်ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video