မန်ယူအသင်း ကစားသမား ဝိန်းရွန်နေးကို ပရီးမီးယားလိဂ်ကလပ် စတုတ်စီးတီးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

 

ရွန်နေးကိုယ်တိုင်က အင်္ဂလန်မှာ သူကစားပေးတဲ့အသင်းက နှစ်သင်းပဲ ရှိမယ်လို့ ပြောထားပေမယ့် စတုတ်စီးတီးအသင်းက ပေါင် ၄၅ သန်းလောက်သုံးစွဲပြီး ရွန်နေးကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။  စတုတ်စီးတီးအသင်းအနေနဲ့ ထိပ်သီးကစားသမားတွေကို ငွေကြေးများစွာ သုံးစွဲပြီးခေါ်ယူလေ့ မရှိပေမယ့် အသင်းစပွန်ဆာကုမ္ပဏီဖြစ်တဲ့ လောင်ကစားကုမ္ပဏီ Bet365 ရဲ့အကူအညီကိုယူပြီး ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

play

 

ရွန်နေးကို ခေါ်ယူဖြစ်မယ်ဆိုရင် စတုတ်းစီးတီးအသင်းက Bet365 ကုမ္ပဏီရဲ့ ဘဏ္ဍာရေး အကူအညီကို ရရှိမှာဖြစ်ပါတယ်။ မန်ယူအသင်းကထွက်ခွာဖို့ သေချာသလောက်ဖြစ်နေတဲ့ ရွန်နေးကို တရုတ်စူပါလိဂ်ကလပ်တွေနဲ့အမေရိကန် မေဂျာလိဂ်ကလပ်တွေက ခေါ်ယူဖို့ ပြင်ဆင်နေပေမယ့်လည်း စတုတ်နည်းပြမာ့ဟုခ်ျက အဲဒါတွေကို ငြင်းဆန်ဖို့ ရွန်နေးကိုတိုက်တွန်းလျက်ရှိပါတယ်။ စတုတ်စီးတီးအသင်းအနေနဲ့ ရွန်နေးကို ခေါ်ယူဖြစ်မယ်ဆိုရင် စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာဖွယ်ရှိပါတယ်။ စတုတ်စီးတီးအသင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဂီယန်နယ်လီအင်ဘူလာကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူထားခဲ့တာက စံချိန်တင်ပမာဏဖြစ်ပါတယ်။

play

 

အင်္ဂလန်ကစားသမား ဝိန်းရွန်နေးအနေနဲ့ မန်ယူအသင်းကို စွန့်ခွာမယ်ဆိုရင်အသင်းဟောင်း အဲဗာတန်ကို ပြန်သွားနိုင်တဲ့အခြေအနေလည်းရှိနေပါတယ်။ ရွန်နေးကို ကမ်းလှမ်းထားတဲ့ အသင်းတွေများစွာရှိတယ်လို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ပြောထားပါတယ်။

Source : Talk Sport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video