AD
AD
AD

မန်စီးတီးတိုက်စစ်မှူး အဂူရိုရဲ့ ဂိုးသွင်းယူမှုများ


တိုက်စစ်မှူး ဆာဂျီယို အဂူရိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပြီး မန်ချက်စတာစီးတီးမှာ နောက်ရာသီ ဆက်နေမယ်လို့ အသင်းဥက္ကဋ္ဌ ခါလ်ဒွန်း အယ်လ်မူဘာရက်ခ်က ပြောကြားလိုက်ကာ အာဂျင်တီးနားလက်ရွေးစင်နဲ့ ပတ်သက်လို့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ ခန့်မှန်းချက်သတင်းတွေကို ပယ်ချလိုက်ပါတယ်။

အဂူရိုဟာ မန်စီးတီအသင်း ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရခဲ့မှုအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ အဂူရိုက ပြီးဆုံးခဲ့တဲ့ ဘောလုံးရာသီအတွင်း မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ပွဲ ပါဝင်ကစားပြီး ဂိုး ၂၀ သွင်းယူခဲ့ပါတယ်။

play


မန်စီးတီးကို ဘရာဇီးလ်တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ် ယခုနှစ် ဇန်နဝါရီလမှာ ရောက်လာခဲ့ပြီးနောက်မှာတော့ အဂူရိုရဲ့ ပထမဦးစားပေး ကစားသမားအဖြစ် ပွဲထွက်ခွင့်ကို စိန်ခေါ်မှုတွေ ရှိလာခဲ့ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူး ဂျီးဆပ်ကလည်း မန်စီးတီးမှာ ပါဝင်ကစားခဲ့တဲ့ ပထမဆုံး ပွဲစဉ် ၂ ပွဲမှာပင် ၂ ဂိုး သွင်ယူးပြီး ဂိုးသွင်းခွင့်တစ်ကြိမ် ဖန်တီးပေးကာ အကောင်ဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

သို့သော် အသက် ၂၀ အရွယ် တိုက်စစ်မှူးဂျီးဆပ် ခြေချောင်းကျိုးဒဏ်ရာ ရသွားခဲ့ပြီးနောက် အဂူရိုက ပထမဦးစားပေးအဖြစ် ပြန်လည် ပွဲထွက်ခွင့်ရခဲ့ပါတယ်။ မန်စီးတီးဥက္ကဋ္ဌက ၎င်းရဲ့ ရာသီကုန်မိန့်ခွန်းမှာ အဂူရို ဆက်ရှိနေမယ်လို့ ထည့်သွင်းပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

play
မန်စီးတီးအသင်းဥက္ကဋ္ဌ မူဘာရက်ခ်


"အဂူရိုနဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ ခန့်မှန်သတင်းတွေ ကျွန်တော် အများကြီး ဖတ်ရပါတယ်၊ ဒါတွေက ရယ်စရာတွေပါပဲ၊ အဂူရိုရဲ့ အနာဂတ်ကို သံသယမရှိပါဘူး၊ လုံးဝ သေချာပါတယ်၊ အဂူရိုဟာ မန်စီးတီးအသင်းမှာ ဆက်ရှိနေမှာပါ" လို့ မူဘာရက်ခ်က ဆိုပါတယ်။

အသက် ၂၈ နှစ်အရွယ် အဂူရိုဟာ မန်စီးတီးကို ၂၀၁၁ ခုနှစ်မှာ အသလက်တီကို မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အဂူရိုဟာ မန်စီးတီးနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးကြောင်း သိရပါတယ်။ ၎င်းဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား ၂ ကြိမ်၊ FA ဖလား တစ်ကြိမ်နဲ့ EFL ဖလား ၂ ကြိမ် ရရှိထားပါတယ်။
Source & Photo: The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD