AD
AD
AD

ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းက မန်ယူကွင်းလယ်ကစားသမား ဟာရဲယားကို ပစ်မှတ်ထားပြီးခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

 

Goal.com သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းနည်းပြသစ် ဗယ်လ်ဗာဒီက ဟာရဲယားကို နွေရာသီ အဓိကပစ်မှတ်ကစားသမားတစ်ဦးအဖြစ် ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ မန်ယူအသင်းတစ်နှစ်တာအကောင်းဆုံး ဆုရခဲ့တဲ့ ကွင်းလယ်ကစားသမား ဟာရဲယားက အသင်းနဲ့အတူ ၂၀၁၈ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ အားနည်းလာတဲ့ ဘာစီလိုနာအသင်းကွင်းလယ်မှာ အဓိကကျတဲ့ ဗဟိုကွင်းလယ်ကစားသမားအဖြစ် ဟာရဲယားကိုထားဖို့ နည်းပြသစ် ဗယ်လ်ဗာဒီက ရွေးချယ်ထားတာပါ။

play

 

၂၀၁၈ မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် ဟာရဲယားကို မန်ယူအသင်းဘက်ကလည်း စာချုပ်သစ် ကမ်းလှမ်းမယ့်အရိပ်အယောင် မတွေ့ရသေးပါဘူး။ ဘာစီလိုနာအသင်းနည်းပြသစ် ဖြစ်လာတဲ့ ဗယ်လ်ဗာဒီနဲ့ ဟာရဲယားဟာ ဘီဘာအိုအသင်းမှာ လက်တွဲခဲ့ကြဖူးသူတွေဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးမှုရှိတယ်လို့ သိရပါတယ်။

play

 

ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ဟာရဲယားဘက်ကလည်း ဆန္ဒရှိခဲ့မယ်ဆိုရင် မန်ယူအသင်း အခက်တွေ့ဖွယ်ရှိပါတယ်။ ဟာရဲယားကို ခေါ်ယူမယ်ဆိုရင် ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ဝန်းကျင် ပေးချေရဖွယ်ရှိတယ်လို့ သိရပါတယ်။ လက်ရှိနွေရာသီအပြောင်းအရွှေ့ဈေးကွက်ထဲမှာ အရည်အသွေးရှိတဲ့ ကွင်းလယ်ကစားသမား ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရှားပါးနေတာကြောင့်  ဟာရဲယားကိုသာ ဘာစီလိုနာက ပစ်မှတ်ထားကြိုးပမ်းဖွယ်ရှိပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD