EPL: တိုက်စစ်မှူး လာကာဇက် အာဆင်နယ်ရောက်ရန် ရက်ပိုင်းသာ လိုတော့

အာဆင်နယ်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်တဲ့ ကစားသမားဖြစ်လာမှာပါ။

လီယွန်အသင်း တိုက်စစ်မှူးလာကာဇက်ကို အာဆင်နယ်အသင်း ခေါ်ယူမှု အပြီးသတ်ဖို့ ရက်ပိုင်းသာ လိုတော့တယ်လို့ သိရပါတယ်။

play

 

အာဆင်နယ်အသင်းက ဒီတိုက်စစ်မှူးအတွက် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၄၄ သန်းပေးချရမယ်လို့ ဆိုပါတယ်။ လာကာဇက်အတွက် အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက စတင်ကမ်းလှမ်းနေခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေး သဘောတူညီမှု မရလို့ အဆင်မပြေ ဖြစ်နေခဲ့တာပါ။ လာကာဇက်အတွက် ပေါင် ၄၄ သန်းကုန်ကျမှာဖြစ်လို့ အိုဇေးလ်ကို ခေါ်ယူတုန်းက ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅ သန်းကိုကျော်လွန်ပြီး အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်လာတော့မှာပါ။

play
လာကာဇက်

 

လာကာဇက်ရဲ့ အပြောင်းအရွှေ့ဟာ ရက်ပိုင်းအတွင်း အပြီးသတ်နိုင်တော့မယ်လို့ လီယွန်အသင်း ဥက္ကဌ အောလက်စ်ကိုယ်တိုင် ပြင်သစ်သတင်းစာဖြစ်တဲ့ Le Progres ကိုပြောကြားခဲ့တာဖြစ်ပါတယ်။ “ အပြောင်းအရွှေ့က ယူရို ၄၅ သန်းနဲ့ သန်း ၅၀ ကြားတစ်ခုခု ဖြစ်မှာပါ။ အာဆင်နယ်အတွက်လည်း စံချိန်တင်ကြေးဖြစ်သလို လီယွန်အတွက်လည်း စံချိန်ဈေးနှုန်းပါပဲ” လို့ အသင်းဥက္ကဌအောလက်စ်ကိုယ်တိုင် ပြောခဲ့ကြောင်း ပြင်သစ်သတင်းစာက ဖော်ပြပါတယ်။ အာဆင်နယ်အသင်းအတွက် ဒီနှစ်နွေရာသီမှာ လာကာဇက်ကို အတည်ပြုခေါ်နိုင်ခဲ့ပြီဆိုရင် နည်းပြအာစင်ဝင်းဂါးအတွက် ဖိအားလျော့ကျသွားဖွယ်လည်းရှိပါတယ်။

play
လီယွန်ဥက္ကဌ အောလက်စ်

 

လာကာဇက် ရောက်လာပြီဆိုရင် အာဆင်နယ်အသင်းအတွက် ဒီနှစ်နွေရာသီမှာ ဒုတိယမြောက်ခေါ်ယူမှု ဖြစ်လာမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ရှော်လ်ကေးအသင်း ဘယ်နောက်ခံကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီးပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ