EPL: အက်စတွန်ဗီလာမှာ ကစားတော့မယ့် ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီ

အက်စတွန်ဗီလာမှာ ကစားဖို့ သဘောတူညီမှု ရသွားပြီဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်း ဂန္တဝင်ကစားသမား ဂျွန်တယ်ရီကို အက်စတွန်ဗီလာအသင်းက ခေါ်ယူဖို့ သဘောတူညီမှု သွားခဲ့ပြီလို့ သိရပါတယ်။

 

ချယ်လ်ဆီးအသင်းမှာ ၁၉ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ ဂျွန်တယ်ရီက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းက ထွက်ခွာလာတဲ့ ဂျွန်တယ်ရီကို အက်စတွန်ဗီလာအသင်းက ခေါ်ယူဖို့ နှစ်ဖက်သဘောတူညီမှု ရသွားခဲ့တာဖြစ်ကြောင်း အက်စတွန်ဗီလာအသင်း  ဥက္ကဌ ဒေါက်တာတိုနီရှားက အတည်ပြုလိုက်တာဖြစ်ပါတယ်။

play

 

တယ်ရီကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးဖြစ်ကြောင်း ပြီးခဲ့တဲ့ နာရီပိုင်းကပဲ ဒေါက်တာတိုနီရှားက တွစ်တာမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တယ်ရီနဲ့ အက်စတွန်ဗီလာအသင်းရဲ့ နှစ်ဘက်သဘောတူညီမှု အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ အက်စတွန်ဗီလာအသင်းက ချန်ပီယံရှစ်မှာရောက်ရှိနေပြီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာဖို့ အင်အားဖြည့်တင်းမှုအဖြစ် ဒီနှစ်နွေရာသီမှာ ဂျွန်တယ်ရီကို ပထမဆုံး ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

 

ဂျွန်တယ်ရီက ချယ်လ်ဆီးအသင်းမှာ ပရော်ဖက်ရှင်နယ်ကစားဘဝ ၁၉ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလား ငါးကြိမ်၊ အက်ဖ်အေဖလား ငါးကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်အောင်မြင်မှု ရရှိခဲ့သူဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ