EPL: ချယ်လ်ဆီးကို ပြိုင်ဘက်အဖြစ်မတွေ့ချင်လို့ ချန်ပီယံရှစ်ကလပ်ကို ရွေးချယ်ခဲ့တဲ့ ဂျွန်တယ်ရီ

ဂျွန်တယ်ရီက ချယ်လ်ဆီးကို ပြိုင်ဘက်အဖြစ် ပြန်လည်ရင်မဆိုင်လိုပါဘူး။

ချယ်လ်ဆီးအသင်းကို ပြန်လည်ရင်မဆိုင်ချင်တဲ့အတွက် ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဂျွန်တယ်ရီက ပြောကြားလိုက်ပါတယ်။

 

ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျွန်တယ်ရီဟာ အသင်းမှာ ၁၉ နှစ်ကြာ ဖြန်သန်းခဲ့သူဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ လမ်းခွဲပြီးနောက် အခြားပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် အားလုံးကို ငြင်းပယ်ခဲ့ပြီး အက်စတွန်ဗီလာအသင်းကို ရွေးခဲ့တာဖြစ်တယ်လို့ ဂျွန်တယ်ရီက ပြောပါတယ်။

play

 

ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီဟာ အက်စတွန်ဗီလာအသင်းနဲ့ တစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ Sky Sports သတင်းဌာနရဲ့ အဆိုအရ လာမယ့်ဘောလုံးရာသီမှာ အက်စတွန်ဗီလာအသင်း ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာနိုင်ပြီဆိုရင် ဂျွန်တယ်ရီဟာ စုစုပေါင်းလစာ ပေါင်လေးသန်းလောက် ရရှိမယ်လို့ သိရပါတယ်။

play

 

ချယ်လ်ဆီးအသင်း ဝါရင့်နောက်ခံကစားသမား ဂျွန်တယ်ရီဟာ အသက် ၃၆ နှစ်ရှိပြီဖြစ်ပေမယ့် ဝက်စ်ဘရွန်း၊ ဆွမ်ဆီး၊ ဘုန်းမောက်စတဲ့အသင်းတွေထံက ကမ်းလှမ်းမှုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူငယ်ဘဝကတည်းက ကစားလာတဲ့ ချယ်လ်ဆီးအသင်းကို ပြိုင်ဘက်အနေနဲ့ ပြန်လည်ရင်မဆိုင်လိုတာကြောင့် ချန်ပီယံရှစ်ကလပ်အသင်းဖြစ်တဲ့ အက်စတွန်ဗီလာကို ရွေးချယ်ခဲ့တာလို့ ဂျွန်တယ်ရီက ပြောပါတယ်။

ချယ်လ်ဆီးအသင်း  နောက်ရာသီအောင်မြင်တာကို အပြင်ကနေ အားပေးကြည့်ရင်နေမှာဖြစ်ပြီး ချယ်လ်ဆီးနဲ့ အမြဲရှိနေမှာ ဖြစ်တယ်လို့ ဂျွန်တယ်ရီက ပြောပါတယ်။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ