EPL: စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်ကို ရောက်လာတဲ့ လာကာဇက်

လီယွန်တိုက်စစ်မှူး လာကာဇက်က အိုဇေးလ်ထက် ပြောင်းရွှေ့ကြေး ပိုများပါတယ်။

အာဆင်နယ်အသင်းက လီယွန်အသင်း တိုက်စစ်မှူး လာကာဇက်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ် ခေါ်ယူဖို့အတွက် ဆေးစစ်ပြီးသွားပြီလို့ သိရပါတယ်။

 

အာဆင်နယ်အသင်းက လာကာဇက်ကို ဆေးစစ်မှု ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့ဟာ အင်္ဂါနေ့ညမှာပဲ အဆုံးသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အစပိုင်းမှာ လာကာဇက်ကို အာဆင်နယ်အသင်းဘက်ကကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခြင်း ခံခဲ့ရပါသေးတယ်။ လာကာဇက်ကအတွက် အာဆင်နယ်အသင်းက နောက်ဆက်တွဲပေးချေမှုတွေ အပါအဝင် စုစုပေါင်း စတာလင်ပေါင် ၅၂ သန်းပေးချေရမယ်လို့ သိရပါတယ်။

play

 

လာကာဇက်ရဲ့ တန်ကြေးဟာ ပေါင် ၅၂ သန်းရှိလာတဲ့အတွက် ပြောင်းရွှေ့ကြေး ၄၂.၅ သန်းပေးခဲ့ရတဲ့ အိုဇေးလ်ထက် ပြောင်းရွှေ့ကြေး ပိုများသွားခဲ့ပြီါ် အာဆင်နယ်အသင်းအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့ပါတယ်။ လာကာဇက်ကို အာဆင်နယ်အသင်းက ငါးနှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာလို့ သိရပြီး တစ်ပတ်လုပ်ခလစာ ပေါင်နှစ်သိန်းပေးချေရမှာ ဖြစ်ပါတယ်။

play

 

လာကာဇက်ကို ခေါ်ယူလိုက်ပြီးနောက် ဒီရာသီမှာ အာဆင်နယ်အသင်းက မိုနာကိုကြယ်ပွင့်တိုက်စစ်မှူး အမ်ဘက်ပေးကိုတော့ လုံးဝခေါ်ယူဖွယ်မရှိတော့ဘူးလို့ သတင်းတွေက ဆိုပါတယ်။ အသင်းရဲ့ လိုအပ်ချက်အရ ကွင်းလယ်ကစားသမားဖြစ်တဲ့ မိုနာကိုက သောမတ်စ်လီမာကိုသာ ထပ်မံခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိပြီး လီမာကို မရခဲ့ရင် အရန်အနေနဲ့ လက်စတာကွင်းလယ်ကစားသမား မာရက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ