EPL: အဲဗာတန်တွင်ပြန်ကစားရန် ရွန်နေး သဘောတူလိုက်ပြီဟု သတင်းများဖော်ပြ

အမေရိကမှာ ရာသီကြိုခြေစမ်းပွဲ သွားကစားမယ့် မန်ယူလူစာရင်းကနေလည်း နုတ်ထွက်လိုက်ရပြီလို့ သိရပါတယ်။

မန်ယူအသင်းကစားသမား ဝိန်းရွန်နေးဟာ အသင်းနဲ့ လမ်းခွဲပြီး အဲဗာတန်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သတင်းတွေ ထွက်လာပါတယ်။

 

ဗြိတိန်သတင်းအချို့က အင်္ဂါနေ့ညပိုင်းမှာ ဒီသတင်းကို ဖော်ပြလာကြတာဖြစ်ပါတယ်။ မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နေးက မန်ယူနဲ့ စာချုပ်သက်တမ်း မကုန်သေးပေမယ့် အဲဗာတန်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဲဗာတန်က ရွန်နေးအတွက် ပြောင်းရွှေ့ကြေး မပေးရပေမယ့် လက်ရှိမှာ ရွန်နေးရနေတဲ့ လစာ တစ်ပတ် ပေါင် နှစ်သိန်းခွဲကို ဆက်လက်ပေးချေသွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

မန်ယူအသင်းက ရာသီကြို ခရီးစဉ်အဖြစ် အမေရိကမှာ ကစားဖို့ လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာက ထွက်ခွာမှာ ဖြစ်ပါတယ်။ အမေရိကခရီးစဉ်ကိုလိုက်ပါမယ့် ကစားသမားစာရင်းကနေ ရွန်နေးက ပြန်လည်နုတ်ထွက်သွားခဲ့ပြီလို့လည်း သတင်းတွေမှာ ဖော်ပြနေပါတယ်။ အပြောင်းအရွှေ့ဟာ အတည်မပြုနိုင်သေးပေမယ့် လူမှုကွန်ယက်မှာတော့ ရွန်နေးအဲဗာတန်ကို ပြန်လည်ရောက်ရှိပြီဆိုတဲ့အကြောင်း ဝေဖန်မှတ်ချက်ပြုမှုတွေ များနေပါတယ်။

play

 

မန်ယူအသင်းမှာ ၂၅၃ ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံးစံချိန်ကို ရထားတဲ့ ရွန်နေးဟာ အဲဗာတန်က ထွက်ခွာလာပြီး ၁၃ နှစ်အကြာမှာ  အဲဗာတန်ကို ပြန်လည်ရောက်ရှိပြီလို့ ဗြိတိန်သတင်းတွေမှာ အခိုင်အမာ ဆိုပါတယ်။ အဲဗာတန်အသင်းကတော့ ရွန်နေးအပြင် အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်ကိုပါ ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းဖွယ် ရှိတယ်လို့ သိရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ