EPL: မန်ယူရဲ့ အပြောင်းအရွှေ့ခြေလှမ်းတွေကို စိတ်ပျက်နေတဲ့ မော်ရင်ဟို

ကစားသမားတစ်ဦးသာ ခေါ်ယူရပါသေးတယ်။

ကစားသမားအပြောင်းအရွှေ့ ရာသီမှာ မန်ယူအသင်းရဲ့ ကစားသမားသစ် ခေါ်ယူမှု နှေးကွေးနေတာနဲ့ ပက်သက်ပြီး နည်းပြမော်ရင်ဟို စိတ်ပျက်လျက်ရှိတယ်လို့ သိရပါတယ်။

 

မေလတုန်းက ကစားခဲ့တဲ့ အေဂျက်ဇ်အသင်းနဲ့ ဗိုလ်လုပွဲစဉ်အပြီးမှာ မော်ရင်ဟိုက ရာသီသစ်အတွက် သူအလိုရှိတဲ့ ကစားသမားစာရင်းကို အသင်ဒုဥက္ကဌ ဝုဒ်ဝက်ထံ ပေးပို့ခဲ့ပြီးပြီလို့ သိရပါတယ်။ မန်ယူအသင်းဟာ အင်အားဖြည့်တင်းဖို့အတွက် ခေါ်ယူချင်တဲ့ ကစားသမားသစ် သုံးလေးဦးခန့်နဲ့ ဆွေးနွေးခဲ့ပေမယ့် လက်ရှိအချိန်ထိ မထူးခြားသေးပဲ ယခုတစ်ပတ်အကုန်မှသာ သတင်းသစ်ထပ်မံ သိရဖွယ်ရှိနေပါတယ်။

ဒီနှစ်နွေမှာ မန်ယူအသင်းက ဘင်ဖီကာကစားသမား လင်ဒီလော့ဖ်တစ်ဦးတည်းကိုသာ အားဖြည့်ထားနိုင်ခဲ့လို့ မော်ရင်ဟိုက အားမရဖြစ်နေတာလို့ ဆိုပါတယ်။ အသင်းက လာမယ့်ရာသီမှာ တိုက်စစ်မှူး ဇလေတန်အီဘရာဟီမိုဗစ်ခ်ျမရှိဘဲ ဖြတ်သန်းရမှာဖြစ်ပါတယ်။ အသလက်တီကိုကစားသမား ဂရိဇ်မန်းကိုလည်း ခေါ်ယူဖို့ အဆင်မပြေခဲ့သလို အဲဗာတန် တိုက်စစ်မှူး လူကာကူနဲ့ ရီးရဲလ်မက်ဒရစ်က မိုရာတာတို့ကို ခေါ်ယူဖို့ကလည်း ဆွေးနွေးညှိနှိုင်းနေဆဲ အဆင့်သာ ရှိပါသေးတယ်။

play

 

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက မိုရာတာရဲ့ ဖခင်နဲ့ အေးဂျင့်ဖြစ်သူတို့ဟာ ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။ ရာသီသစ်မှာ မော်ရင်ဟိုက ထိပ်သီးတိုက်စစ်မှူးသစ်တစ်ယောက်နဲ့အတူ ကွင်းလယ်ကစားသမားတစ်ဦး လိုအပ်နေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးကမာတစ်နဲ့ စပါးအသင်းက ဒီယာကိုလည်း မန်ယူအသင်း ခေါ်ယူဖို့ ကြိုးပမ်းချင်ပေမယ့် နှစ်သင်းလုံးက လက်မလွှတ်ချင်ဖြစ်နေပါတယ်။

play

 

အင်တာမီလန်အသင်း တောင်ပံကစားသမား ပီရီဆစ်ကိုလည်း ခေါ်ယူဖို့ စုံစမ်းခဲ့သေးပေမယ့် အီတလီကလပ် အင်တာမီလန်အသင်းဟာ ဘဏ္ဍာရေးတောင့်တင်းနေတာကြောင့် အဆိုပါကစားသမားကိုမရောင်းချလိုပဲ ရှိနေပါတယ်။ မော်ရင်ဟိုဟာ အသင်းလိုအပ်တဲ့ ကစားသမားဖြည့်တင်းပြီး လာမယ့်ရာသီသစ်မှာ ပရီးမီးယားလိဂ်ဖလားကို အဓိက အာရုံစိုက်သွားဖွယ်ရှိပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ