EPL: ဝက်စ်ဟမ်းမှာ ကစားဖို့ ဒီကနေ့ ဆေးစစ်မှုတွေ ပြုလုပ်မယ့် ဂိုးသမားဂျိုးဟတ်

ဂျိုးဟတ်က အင်စတာဂရမ်မှာတောင် ပုံတွေတင်လိုက်ပါပြီ။

ဝက်စ်ဟမ်းအသင်းနဲ့ ဆေးစစ်မှုတွေ ပြုလုပ်နေတဲ့ ဂျိုးဟတ် ကာလရှည်အငှားစာချုပ်နဲ့ ဝက်စ်ဟမ်းအသင်းမှာ ပြောင်းရွှေ့ကစားဖို့အတွက် ဆေးစစ်မှုတွေကို ယနေ့ပြုလုပ်သွားမယ်လို့ သိရပါတယ်။

play

 

 ဝက်စ်ဟမ်းအသင်းက ယခုနှစ်ရာသီကုန်မှာ ဂျိုးဟတ်ကို အပြီးသတ်ဝယ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းကတော့ ဂျိုးဟတ်ကို ပေးချေနေရတဲ့ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၂ သောင်းကို ပြန်ကာမိဖို့အတွက် ရောင်းချဖွယ်ရှိတယ်လို့ ဆိုပါတယ်။ Instagram မှာ တင်ခဲ့တဲ့ဓာတ်ပုံမှာ နောက်ထပ်စိတ်လှုပ်ရှားစရာတွေဆီသို့ သွားတဲ့လမ်းပေါ်မှာလို့ အဓိပ္ပာယ်ရတဲ့ စာကို ရေးသားထားတာပါ။ မန်ချက်စတာစီးတီးအသင်းကို နည်းပြ ဂွာဒီယိုလာ စတင်ကိုင်တွယ်ချိန်ကစပြီး အသင်းမှာ နေရာပေးခြင်းမခံရဘဲ အခြားအသင်းတွေကို အငှားချခြင်းခံခဲ့ရပြီး လက်ရှိမှာ မန်ချက်စတာစီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေပါသေးတယ်။

on route to the next adventure #kaammoonnnn

A post shared by Joe Hart (@joehartofficial) on

 

ဂျိုးဟတ်ဟာ မန်ချက်စတာစီးတီးအသင်းကို ၂၀၁၂ ခုနှစ်မှာ စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ရွှေလက်အိတ်ဆုကို ၄ ကြိမ်အထိ ရရှိထားတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ မနှစ်က ဘောလုံးရာသီ စတင်ချိန်ဖြစ်တဲ့ သြဂုတ်လမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အသင်းမှာ ဂျိုးဟတ်ဟာ ပထမဂိုးသမားမဟုတ်ကြောင်း ပြောခဲ့ပြီးတဲ့နောက် အသင်းက စီးရီးအေကလပ် တိုရွန်တိုအသင်းကို အငှားချထားခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာက မန်စီးတီးအသင်းအတွက် ပေါင်သန်း ၃၀ ကျော်အသုံးပြုပြီး ဘင်ဖီကာဂိုးသမား အီဒါဆင်ကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ