EPL: ဒရော့ဘာနဲ့ မက်ခီလီလီတို့ကို လေးစားအားကျတယ်ဆိုတဲ့ ဘာကာရိုကို

ချယ်လ်ဆီးအသင်းကို နောက်ဆုံးရောက်လာတဲ့ ကစားသမား ဖြစ်ပါတယ်။

ကစားသမားသစ် ဘာကာရိုကိုက သူ့ရဲ့ကစားသမားဘဝမှာ ချယ်ဆီးအသင်းမှ ဒရော့ဘာနှင့် မာခီလီလီတို့က လွှမ်းမိုးခဲ့တယ်လို့ ဆိုပါတယ်။

play

 

ဘာကာရိုကိုကတော့ မိုနာကိုအသင်းကနေ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ ရောက်ရှိလာတာဖြစ်ပြီး ချယ်ဆီးအသင်း ကွင်းလယ်ကစားသမားဟောင်း မာခီလီလီဟာသူ့ရဲ့စံပြကွင်းလယ်ကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။ မာခီလီလီ မိုနာကိုအသင်းကို ရောက်ရှိလာစဉ်က ဘာကာရိုကိုအနေနဲ့ ကောင်းမွန်တဲ့ခြေစွမ်းမရရှိသေးပေမယ့် မာခီလီလီရဲ့အကြံပေးမှုကြောင့် ဘောလုံးကစားရာမှာ ကိုယ့်စတိုင်နဲ့ကိုယ် ရိုးရိုးရှင်းရှင်း ကစားနိုင်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

play
ပေါင်သန်း ၄၀ တန် ဘာကိုယိုကို

 

"ဒရော့ဘာကတော့ မာဆေးအသင်းမှာရော ချယ်ဆီးအသင်းကို ပြောင်းရွှေ့ကစားခဲ့တဲ့အချိန်မှာပါ အံ့အားသင့်စရာတွေကို လုပ်ဆောင်နိုင်ခဲ့တဲ့သူပါ။သူဟာ ကမ္ဘာကြီးတစ်ခုလုံးကို သူဘယ်သူလဲဆိုတာကို သက်သေပြသနိုင်ခဲ့တဲ့အတွက် အရမ်းလေးစားမိပါတယ် " လို့ ဆိုပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ