EPL: အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အာဆင်နယ် အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်

အမှန်ကန်ဆုံး လူစားလဲမှုလို့ ဆိုရလောက်အောင် ရမ်ဆေးနဲ့ ဂျီရော့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အာဆင်နယ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇-၁၈ ပရီးမီးယားလိဂ် ရာသီရဲ့ အဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ လက်စတာအသင်းတို့ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အီးမ ရိတ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ အာဆင်နယ်အသင်းက ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ယနေ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ ဒဏ်ရာကြောင့်ပါဝင်ဖို့မသေချာတဲ့ အိုလ်ဇေးပါဝင်လာခဲ့သလို တိုက်စစ်မှာလည်း လာကာ ဇက်တီ ကို ၀ဲလ်ဘက်နဲ့ တွဲကစားစေခဲ့ကာ နောက်ခံလူ သုံးယောက်ထား ကစား ကွက်နဲ့ လက်စတာအသင်းကို ဧည့်ခံယှဉ်ပြိုင်ခဲ့သလို လက်စတာ အသင်းကလည်း အဖွင့်ပွဲစဉ်မှာအမှတ်ပြည့် ရရှိရေးအတွက် အဓိက ကစားသမား အစုံအလင်ကို ပွဲထုတ်လာခဲ့ပါတယ်။

play

 

ပွဲအစ ၂ မိနစ်မှာပဲ အာဆင်နယ်အသင်း ဦးဆောင်ဂိုး ရရှိခဲ့ပြီး လာကာဇက်တီက သူ့ရဲ့ ပထမဆုံး ပရီးမီးယား လိဂ် သွင်းဂိုးအဖြစ် ၂၀၁၇-၁၈ ဘောလုံးရာသီရဲ့ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဦးဆောင်ဂိုးဟာ ကြာကြာမခံလိုက်ပါဘူး ပွဲချိန် ၅ မိနစ်မှာတော့ လက်စတာစီးတီးအသင်း ရဲ့ အာရှကစားသမား အိုကာ ဇာကီက ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

ထို့နောက် ပွဲချိန် ၂၉ မိနစ်မှာ လက်စတာစီးတီးကပင် ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဗာဒီက သွင်းယူပေးခဲ့ တာပဲ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းအတွက် ဒုတိယချေပဂိုးကိုတော့ ဒန်နီဝဲလ်ဘက်က ပထမပိုင်းပြီးဆုံး ကာနီးမှာ သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ၂-၂ ဂိုး သရေကျနေခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ ပြန်အစမှာတော့ နှစ်သင်းစလုံး တတိယဦးဆောင်ဂိုးရရှိရေး အပြန်အလှန် ထိုးဖောက် ကစားလာ ခဲ့ရာမှာ လက်စတာ စီးတီးအသင်းက ဗာဒီရဲ့ ထောင့်ကန်ဘောမှတဆင့် ခေါင်းတိုက်သွင်းဂိုးနဲ့အတူ တတိယ ဦး ဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် အာဆင်နယ်အသင်း လူစားလဲမှုများ ပြုလုပ်ခဲ့ပြီး အယ်လန်နီအစား ရမ်ဆေး၊ ၀ဲလ်ဘက် အစား ဂျီရော့ဒ် တို့ ၀င်ရောက်ကစားစေခဲ့ပါတယ်။

ဒီနေ့ ပွဲရဲ့ အမှန်ကန်ဆုံး လူစားလဲမှုလို့ ဆိုရလောက်အောင် ပွဲချိန် ၈၃ မိနစ်မှာ ရမ်ဆေးက အာဆင်နယ်အသင်း အတွက် အဖိုးတန် ချေပဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဆက်တိုက်ဆိုသလိုပဲ ၈၅ မိနစ်အရောက်မှာတော့ ဂျီ ရော့ဒ်က အဖိုးတန် အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူပေး နိုင်ခဲ့ကာ ပွဲအပြီးမှာတော့ အာဆင်နယ်အသင်းက ၄-၃ ဂိုးနဲ့ အဖွင့် မျက်နှာပန်းလှခဲ့ပါတယ်။

Photos- Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ