EPL: ၀က်ဖို့ဒ်- လီဗာပူးလ်ပွဲအတွက် ပရိသတ်များ သိထားသင့်တဲ့ အချက်(၆) ချက်

ဝက်ဖို့ဒ်အသင်း မန်နေဂျာ မားကို့စ် ဆေးလ်ဗားရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်လည်း ဖြစ်လာမှာဖြစ်ပါတယ်။

၂၀၁၇-၁၈ ပရီးမီးယားလိဂ် ကန်လန်ကာကတော့ ဖွင့်လှစ်ခဲ့ပြီဖြစ်ပါတယ်။အဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့ကြတဲ့ အာဆင်နယ်အသင်းနဲ့ လက်စတာ အသင်းတို့ ပွဲကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ   ပရိတ်သတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး အာဆင်နယ်အသင်းက ၄-၃ ဂိုးနဲ့ အ နိုင်ရရှိခဲ့ပါတယ်။

ယနေ့ ညနေ (၆)နာရီမှာတော့ အစောဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့် ၀က်ဖို့ဒ်နဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်အတွက် ပရိသတ်တွေကြိုတင် သိထားသင့်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

play

 

လီဗာပူးအသင်းမှာ မနှစ်က ရာသီက ချန်ပီယံလိဒ် ခြေစစ်ပွဲဝင်ခွင့်ရရှိခဲ့တဲ့ အသင်းဖြစ်ပြီး ၀ကဖို့ဒ်အသင်းက  တော့ တန်းဆန်းဇုန် အန္တရာယ် ကနေ ရုန်းထွက်ခဲ့ရပြီး တန်းတင်ကျန်ရစ်ခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်ကိုတော့ သြဂုတ်လ(၁၂)ရက်နေ့ စနေနေ့ မြန်မာစံ တော်ချိန် ညနေ(၆)နာရီမှာ  ယှဉ်ပြိုင်ကစားမှာ လည်းဖြစ်ပါတယ်။

play

ဒီပွဲဟာ ၀က်ဖို့ဒ်အသင်း မန်နေဂျာ မားကို့စ် ဆေးလ်ဗားရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်လည်း ဖြစ်လာမှာဖြစ်  ပါတယ်။သူ့အနေနဲ့ ပထမဆုံး ပွဲမှာ လီဗာပူးအသင်းကို အိမ်ကွင်းမှာ စတင်ဧည့်ခံ ယှဉ်ပြိုင်က စားရမှာဖြစ်ပြီး အမှတ် ရယူနိုင်မလားဆိုတာကလည်း စိတ်လှုပ်ရှားစရာ စောင့်ကြည့် သွားရမှာလည်း ဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး(၈)ပွဲမှာ ရမှတ(၃)မှတ်သာ  စွမ်းဆောင်နိုင်ခဲ့ ကြောင့်(၉)ပွဲမြောက် ပြန်လည် စတင်တဲ့ ပွဲမှာ ရမှတ်ရယူနိုင်မလားဆိုတာကလည်စားဖွယ်ကောင်းနေပြန်ပါတယ်။

play

 

ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီက လီဗာပူးကစားသမား အမ်မရီ ကမ်ရဲ့ လှပတဲ့ နောက်ပြန်ကန်ချက်နဲ့အတူ ၀က်ဖို့ဒ် အသင်းကို အနိုင်ယူခဲ့တာကြောင့် ဒီပွဲမှာရော ဘယ်သူက ဘယ်လို လှပတဲ့ ဂိုးကန်သွင်းမှုတွေ ပြုလုပ်သွားမလဲ ဆိုတာကလဲ စောင့်ကြည့်ချင်စရာပါပဲ။

play

ပြီးခဲ့တဲ့ နှစ် အီတလီ စီးရီးအေ မှာ ခြေစွမ်းပြ ဂိုးတွေ သွင်းခဲ့တာကြောင့် လီဗာပူးအသင်းက ဒီနှစ်ရာသီမှာ ခေါ် ယူထားခဲ့တဲ့ မိုဟာမက် ဆာ လပ်အနေနဲ့ အဖွင့်ပွဲမှာ ဂိုးသွင်းယူနိုင်မလားဆိုတာလည်း စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ မိုဟာမက်ဆာလပ်ဟာ ရိုးမားအသင်းနဲ့အတူ ပြီးခဲ့တဲ့ ရာသီက ၂၉ ပွဲ ကစား ပြီး ၂၆ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

နောက်ဆုံး(၃)ကြိမ်ထိပ်တိုက်တွေ့ဆုံမှု အခြေအနေမှာလည်း လီဗာပူးအသင်းကသာ အသာစီးရယူထားနိုင်ခဲ့ပြီး ၂၀၁၆ခုနှစ်မေလ မှာတွေ့ ဆုံခဲ့စဉ်က လီဗာပူးအသင်းက အလန်၊ဖာမီနိုတို့ရဲ့ သွင်းဂိုး တွေနဲ့အတူ ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။၂၀၁၆ခုနှစ် နိုဝင်ဘာလ မှာ တွေ့ဆုံ ခဲ့စဉ်က လီဗာပူးအသင်း  က ၆-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရှိခဲ့ပြန်ပါတယ်။ နောက်ဆုံးတွေ့ဆုံထားမှုကတော့ ၂၀၁၇ခုနှစ် မေလက ဖြစ်ပြီး လီဗာပူး အသင်းက အမ်မရီကန်ရဲ့ လှပတဲ့ နောက်ပြန်ကန်ချက်နဲ့အတူ ၁-၀ ဂိုးနဲ့ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

 

လီဗာပူးအသင်းရဲ့ နောက်ဆုံး ၆ ပွဲရလဒ်

နိုင်၊ရှုံး၊နိုင်၊သရေ၊နိုင်၊နိုင်

 

ဝက်ဖို့ဒ်အသင်းရဲ့ နောက်ဆုံး ၆ ပွဲရလဒ်

ရှုံး၊ရှုံး၊ရှုံး၊ရှုံး၊ရှုံး၊ရှုံး

Source & Photos - Independent 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ