EPL: အနိုင်(၃)မှတ်က မန်စီးတီးအသင်းအတွက် လွယ်ကူနိုင်မလား

ဘရိုက်တန်အသင်ဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲကို (၃၄)နှစ်အတွင်း ပထမဆုံးအကြိမ်တန်း တက်လာခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၇-၁၈ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်လည်စတင်ချိန်မှာတော့ စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ လူအင်အားဖြည့်တင်းထားတဲ့ မန်ချက် စတာစတီး အသင်းဟာ ယခုနှစ်မှာမှ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ ဘရိုက်တန် အသင်းရဲ့  အိမ်ကွင်းမှာ သွားရောက်တွေ့ဆုံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဘရိုက်တန်အသင်ဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲကို (၃၄)နှစ်အတွင်း ပထမဆုံးအကြိမ် တန်းတက်လာခဲ့တာလည်းဖြစ်ပါတယ်။

play

 

ဘရိုက်တန်အသင်းအနေနဲ့ အသင်းရဲ့အားထားရတဲ့ ကွင်းလယ်ကစားသမား ဘီရန် ကာရယ်လ်ကို ဒဏ်ရာကြောင့် လက်လွှတ်ထားရတာ ကြောင့် ပထမဆုံး အဖွင့်ပွဲစဉ်ဟာ နည်းပြ ခရစ် ဟူတန် အတွက်တော့ ခေါင်းခဲစရာ တစ်ခု အဖြစ် ရှိ နေခဲ့တာကလည်း မန်စီးတီး အသင်း အတွက် ပိုမိုလွယ်ကူနိုင်စေမလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

မန်စီးတီးအသင်းကတော့ ဒီနှစ်ရာသီမှာ အီဒါဆန်၊ဘာနန်ဒိုဆေးလ်ဗား၊ဝေါ်လ်ကာနဲ့ မန်ဒီတို့ကို စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူ ထားနိုင်ခဲ့တဲ့ အသင်းဖြစ်တာနဲ့အညီ အဖွင့်ပွဲမှာ အနိုင်(၃)မှတ်ရဖို့ အစွမ်းကုန်ပြင်ဆင်လာဖွယ် ရှိနေ

ပေမယ့်လည်း မန်ဒီနဲ့ ဂန်ဒိုဂန်တို့ နှစ်ယောက်မှာတော့ ဒဏ်ရာ ပြဿနာ အနည်းငယ်စီရှိနေတာကြောင့် ဘရိုက်တန်နဲ့ပွဲကို ပါဝင်လာဖို့ မသေချာဘူးလို့လည်း သိရပါတယ်။

မန်စီးတီးအသင်းအဓိက ဂရုပြုရမယ့် အခြားအချက်ကလည်း ရှိနေပြန်ပါတယ်။အဲ့ဒါကတော့ ဘရိုက်န်အသင်းဟာ မန်စီးတီး အသင်းနဲ့ တွေ့ဆုံ ထားတဲ့ ၂၀၀၈ လိဂ်ဖလား ပြိုင်ပွဲမှာ ပင်နယ်တီနဲ့ အနိုင်ယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လိဂ်ပြိုင်ပွဲ နောက်ဆုံး တွေ့ဆုံးတွေ့ဆုံခဲ့တဲ့ ၁၉၈၉ ခုနှစ်တုန်းကလည်း ဘရိုက်တန်အသင်းက မန်စီးတီးအသင်းကို ၂-၁ ဂိုးနဲ့ အနိုင် ရရှိထားဖူးတဲ့စံချိန်ကောင်းတွေကြောင့်လည်း မန်စီးတီးအသင်းအနေနဲ့ သတိထား ယှဉ်ပြိုင် ကစားသွားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာအနေနဲ့လည်း ပြီခဲ့တဲ့ ၂၀၀၈ခုနှစ် နောက်ပိုင်းကစပြီး ကစားခဲ့တဲ့ လိဂ်ပြိုင်ပွဲအဖွင့်ပွဲစဉ်တွေမှာ နိုင်ပွဲရရှိ ထားတဲ့ အစဉ်အလာကောင်းကို ပိုင်ဆိုင်ထားနိုင်သလို တိုက်စစ်မှူး အဂူရိုအနေနဲ့လည်း နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲစဉ် ၆ ပွဲမှာ (၅)ဂိုးအထိ သွင်းယူထားနိုင်တဲ့ အစဉ်အလာကောင်းတွေလည်း ရှိနေပြန်တာကြောင့် စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ လူအင်အားဖြည့်ဆည်းပေးထားတဲ့ မန်စီးအသင်းက တန်းတက် ဘရိုက်တန်ကို အလွယ်တကူပဲ အနိုင်ယူသွားမလား ဘရိုက်တန်အသင်းကပဲ ထိပ်တိုက်တွေ့ဆုံမှု အစဉ်အလာကောင်းကို အံ့အားသင့်ဖွယ် ထိန်းသိမ်းသွားမလားဆိုတာကတော့ ယနေ့ ည(၁၁)နာရီမှာ စောင့်ကြည့် သွားရတော့မှာ ဖြစ်ပါတယ်။

Source-Sky Sport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ