EPL: ဘန်လေကို အိမ်ကွင်းမှာ ဧည့်ခံမယ့် ချန်ပီယံ

ပြီးခဲ့တဲ့ ၁၈ နှစ်တာကာအတွင်း ချဲလ်ဆီးအသင်းမှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်များကို ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပဲ ၁၅ ပွဲနိုင် ၃ ပွဲသရေ ရလဒ်ကို ဖော်ဆောင်ထားနိုင်ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲ ကန်လန်ကာ အဖွင့်မှာတော့ အသင်းကြီးတွေ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုတွေ မရှိသေးပါဘူး။ လက်ရှိချန်ပီယံ ချဲလ်ဆီး အသင်းကတော့ ဘန်လေအသင်းကို အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဧည့်ခံ ယှဉ်ပြိုင် ကစားသွားရဖို့ရှိနေပါတယ်။

play

ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ထားပြီး အဆိုပါပွဲတွင် ပက်ထရို အနီကဒ်ပြစ် ဒဏ်ပြခံခဲ့ ရတာကြောင့် ယခုပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ဒါ့အပြင် မနှစ်က FA ဖလား ပြိုင်ပွဲမှာလည်း  ဗစ်တာ မော့ဆက် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ ရလို့ ပါဝင်နိုင်ခွင့်မရမှာ မဟုတ်ပါဘူး။အခြား ကစားသမားများဖြစ်ကြတဲ့ ဟာဇက်ကတော့ ဒဏ်ရာ မသက်သာသေးသလို၊တိုက်စစ်မှူး ကော်စတာ မှာလည်း အသင်းကနေ ထုတ်ပယ်ထားတာကြောင့် ရှိမနေတော့ပါဘူး။

ဘန်လေအသင်းအနေနဲ့လည်း ဂျိမ်းတာကော့စကီးနဲ့ ဂျွန်ဝေါ်လ်တာတို့ ပါဝင်နိုင်မှာ မဟုတ်သလို မိုက်ကယ်ကိန်းနဲ့ ဂရေးလ်တို့ကိုလည်း ရောင်းထုတ်ထားတာကြောင့် အဖွင့်ပွဲမှာ ချဲလ်ဆီးအသင်းကို ရင်ဆိုင်ဖို့ အတော်လေး ခက်ခဲမယ့်အနေအထားမှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘန်လေအသင်းနဲ့နောက်ဆုံး ခြောက်ကြိမ် တွေ့ဆုံထားရာမှာတော့ ၂ ပွဲသရေ၊ ၄ ပွဲနိုင်ရလဒ်ကို စွမ်းဆောင်ထားနိုင် သလို အဖွင့်ပွဲစဉ်တွေမှာလည်း အခြား ပရီးမီးယားလိဂ် ကလပ်အသင်းတွေထက် နိုင်ပွဲပိုမို ရယူ ထားနိုင်တဲ့ အစဉ်အလာကောင်းကို ပိုင်ဆိုင် ထားတာလည်း ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ၁၈ နှစ်တာကာအတွင်း ချဲလ်ဆီးအသင်းမှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်များကို ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပဲ ၁၅ ပွဲနိုင် ၃ ပွဲသရေ ရလဒ်ကို ဖော်ဆောင်ထားနိုင်ပါတယ်။

ဒ့ါအပြင် ချဲလ်ဆီးအသင်းဟာ သြဂုတ်လထဲမှာ ကစားတဲ့ ပွဲတွေကို အခြားအသင်းတွေထက် နိုင်ပွဲပိုမိုရယူထားနိုင်ပြီး ၅၄ ပွဲထိ အနိုင်ရရှိထား တာလည်း ဖြစ်ပါတယ်။

ယနေ့ ပွဲစဉ်မှာတော့ချဲလ်ဆီးအသင်းအနေနဲ့ ကစားသမားအများစု ဒဏ်ရာနဲ့ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ပါဝင်နိုင်မှာမဟုတ်ပဲ အသစ်ခေါ်ယူ ထားတဲ့ တိုက်စစ်မှူး မိုရာတာ ပွဲထွက်လာဖွယ်ရှိတယ်လို့လည်း သိရပြီး အားကစား ခန့်မှန်းသူ မေ ဆန်ကတော့ ချဲလ်ဆီးအသင်းကသာ ၃-၁ ဂိုး ရလဒ်လောက်နဲ့ အနိုင်ရသွားမယ်လို့ ခန့်မှန်းထားပါတယ်။

Source- Sky Sport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ