EPL: ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ မော်ရင်ဟိုအတွက် မေးခွန်း (၃)ပုဒ်

လေးယောက်မြောက် ကစားသမားကို စာချုပ်ချုပ်ဆို ခေါ်ယူဖို့ လိုအပ်သေးရဲ့လား?

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ရာသီကြိုပြင်ဆင်မှုမှာတော့ မူလ အသုံးပြုခဲ့တဲ့ နောက်ခံလူ (၄)ယောက်ထားပုံစံကနေ (၃)ယောက်ပုံစံကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ဒါပေမယ့်လည်း ခြေစမ်းပွဲ (၂)ပွဲနဲ့ ဥရောပ စူပါဖလား ပြိုင်ပွဲမှာတော့ ရှုံးနိမ့် ခဲ့ရပါတယ်။ဒါကြောင့် မော်ရင်ဟိုရဲ့ နောက်ခံလူ (၃)ယောက် ကစားကွက်ဟာ အံဝင်မှု ရှိရဲ့လားမရှိဘူးလားဆိုတာ မေးခွန်းထုတ်ဖို့ လိုနေတာလည်း ဖြစ်ပါတယ်။လာမယ့်နှစ်ရာသီမှာ ဘယ်လို ကစားကွက်ကို အခြေခံပြီးအသုံးပြုသွားမလဲ ဆိုတာမေးခွန်းထုတ်ဖို့ လိုနေပါပြီ။

play

 

(၁) အချိန်ပေးဖို့လိုအပ်တာလား?

မော်ရင်ဟိုရဲ့ နောက်ခံလူတွေအနေနဲ့ မတူညီတဲ့ လိဂ်တွေကနေလာခဲ့သူတွေဖြစ်ပြီး ဗစ်တာ လင်ဒီလော့ဖ် အနေနဲ့ အသင်းနဲ့လည်း ပရီးမီး ယားလိဂ်ပြိုင်ပွဲနဲ့ အံဝင်ဖို့ရော မော်ရင်ဟိုရဲ့  ကစားကွက်နဲ့ပါ အံဝင်ဖို့အချိန်လိုအပ်နေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲရစ်ဘိုင်လီနဲ့ ဖီးလ်ဂျုံးတို့အနေနဲ့လည်း ပွဲပယ်နဲ့ ဒဏ်ရာ ပြဿနာတွေကနေ ပြန်လည်ရုန်းထလာနိုင်ခဲ့ပြီ ဖြစ်ပြီး ၀က်စ်ဟမ်းနဲ့ ပွဲမှာ ပြန်လည် ပွဲထွက်ဖို့ ရှိနေ တယ် လို့လည်းသိရပါတယ်။ တစ်ကယ်လို့ သူတို့ကိုသာ ပြန်လည် အသုံး ပြုမယ်ဆိုရင် မော်ရင်ဟိုအနေနဲ့ နောက်ခံလူများဖြစ်တဲ့ ဗလန် စီယာ ဒါမီယန်းတို့အပါအ၀င် နောက်ခံလူ လေးယောက်ထား ပုံစံမျိုးကို ပြန်လည်အသုံးပြု တည်ဆောက်သွားမှာလား ဆိုတာကလည်း စိတ်ဝင်စား စရာ မေးခွန်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

play

 

(၂) ပေါ့ဘာကို ဘယ်နေရာထားအသုံးပြုသွားမှာလဲ?

နီမန်ဂျာ မာတစ် ရောက်လာတဲ့အတွက် မော်ရင်ဟိုဟာ မာတစ်ကို ကွင်းလယ်မှာ ပေါ့ဘာကို အကူအညီပေးစေတဲ့ ပုံစံမျိုးနဲ့ ပြီးခဲ့တဲ့ ရီးရဲမက်ဒ ရစ်နဲ့ ပွဲမှာ အသုံးပြုသွားခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရပါတယ်။အဓိက ပြဿနာကတော့ ပေါ့ဘာကို မှီခိုပြီးကစားမယ်ဆိုရင်တော့ ပေါ့ဘာ မာကင် မိရင် မော်ရင်ဟို ဘယ်လို ရုန်းထွက်မလဲဆိုတာကိုတော့ ကြိုတင် စဉ်းစားထားဖို့ လိုပါမယ်။ နောက်ခံလူ သုံးယောက်ထား ကစားကွက်ကို ပြန်ပြောရ မယ်ဆိုရင် ပေါ့ဘာအနေနဲ့ ပြိုင်ဘက်ကို ထိုးဖောက်ဖို့ အနည်းငယ် ဖိအားရှိနိုင်ပါတယ်။ပြိုင်ပွဲဟာ တစ်ကယ်တော့ မော်ရင်ဟိုရဲ့ ကစားကွက် ဟောင်း ၄-၃-၃ ကစားကွက်နဲ့သာ အံအ ၀င်ဆုံးဖြစ်တယ်လို့ ယူဆလို့ပါပဲ။ပေါ့ဘာရဲ့ ကစားကွက်အမှန်က ဂျူဗင်တပ်မှာ ဘယ်ကွင်းလယ် ကစားသမားအဖြစ်နဲ့ ကစားခဲ့တာပါ။ဘယ်ခြမ်းကနေ ဘောလုံးကို ဖြန့်ပေးမယ်၊ဆွဲဝင်မယ်၊ကန်မယ်၊ဒီလိုတွေကနေ ဂိုးတွေ ရနေခဲ့တာပါ။ ဒါကြောင့်ပေါ့ဘာရဲ့ နေရာအမှန်ကို ပြန်လည်ပြောင်းရွှေ့ ကစားစေခဲ့မယ်ဆိုရင်ရော ပေါ့ဘာရဲ့ ဂျူဗင်တပ်တုန်းက ခြေစွမ်းတွေကို မြင်တွေ့ရဖွယ် ရှိနိုင်မလား ဆိုတာကလည်း မေးခွန်းထုတ်ဖို့ ကောင်းနေတာပဲ ဖြစ်ပါတယ်။

(၃) ကစားသမားထပ်ဝယ်ဖို့ လိုသေးရဲ့လား?

လက်ရှိအချိန်မှာ ကစားသမား (၃)ယောက်အထိ ခေါ်ယူထားပြီ ဖြစ်တဲ့ မော်ရင်ဟိုအနေနဲ့ နောက်ထပ် လေးယောက်မြောက် ကစားသမားကို စာချုပ်ချုပ်ဆို ခေါ်ယူဖို့ လိုအပ်သေးရဲ့လားဆိုတဲ့ မေးခွန်းမျိုးကို မေးချင်ပါတယ်။ကစား သမား ခေါ်ယူခွင့်ကလည်း တစ်ဖြည်းဖြည်း ကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ မော်ရင်ဟို ဘယ်လို ကစားသမားတွေကို ထပ်မံချိတ်ဆက်ထားလဲဆိုတာကလည်း စောင့်ကြည့်ချင်စရာ ကောင်းနေပါ တယ်။ဒီမေးခွန်းနဲ့ ပက်သက်ပြီး မော်ရင်ဟိုကိုယ်တိုင်က

လည်း အသင်းကို ပြောထားတာ ရှိပါတယ်။မော်ရင်ဟိုက-" ၃ ယောက် ဒါမှမဟုတ် ၄ ယောက်ရရှိခဲ့မယ်ဆိုရင် ကလပ်အသင်းကို ကျေးဇူး အများကြီးတင်ပါတယ်။ကျွန်တော်လည်း အရမ်းပျော်ရပါလိမ့်မယ်၊သူတို့ ကျွန်တော့ကို နောက်ထပ် တစ်ယောက် ထပ်ပေးခဲ့မယ် ဆိုရင်ပေါ့၊ ဒါပေမယ့်လည်း သူတို့ ကျွန်တော့်အပေါ် ကြီးမားတဲ့ ပေးဆပ်မှုတွေ ပြုလုပ်ပေးပြီးပါပြီ" လို့ အသင်းကို ပြောကြားမှု တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မန်ယူအသင်းက စပါးအသင်းရဲ့ ဘယ်နောက်ခံလူ ဒန်နီရို့စ်ကို ခေါ်ဖို့ကြိုးစားနေပေမယ့် ရောက်လာဖို့ကတော့ မသေ ချာသေးပါဘူး။အဓိက ပြဿနာ ဘယ်နောက်ခံလူ နေရာကို လက်ရှိအချိန်မှာတော့ ဒါမီယန်းက ကစားနေပါတယ်။

ဒါကြောင့် မန်ယူအသင်းအနေနဲ့ ၀က်ဟမ်းအသင်းနဲ့ မကစားခင် ဒီအချက် (၃)ချက်ကို ဟန်ချက်ညီညီထိန်းချုပ် ကိုင်တွယ်ထားနိုင်မယ် ဆိုရင် တော့ ပရီးမီးယားလိဂ် အဖွင့်မျက်နှာပန်းလှနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Source- Sky Sport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ