EPL: ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လူစားဝင်ကစားသမား ဖြစ်လာတဲ့ အိုလီဗီယာ ဂီရော့ဒ်

ဂီရော့ဒ်ဟာ အဆိုပါ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ၂၀၁၆-၁၇ နောက်ပိုင်း လူစားဝင်ကစားပြီး ဂိုးအများဆုံးသွင်းယူထား သူအဖြစ် ရပ်တည်နေနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းက ပြင်သစ် တိုက်စစ်မှူး အိုလီဗီယာ ဂီရော့ဒ်ဟာ ပြီးခဲ့တဲ့ လက်စတာ အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ လူစားဝင် ကစားခဲ့ပြီး အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လူစားဝင် ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဂီရော့ဒ်ဟာ လိုင်ယွန်အသင်းက လာကာဇက်တီ ရောက်လာပြီးနောက် အာဆင်နယ်အသင်းရဲ့ ပွဲထွက်ခွင့်ကို လက်လွှတ်ပေးထားခဲ့ရသူ ဖြစ်ပြီး ပွဲထွက်ခွင့်ရဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

play

 

"တစ်ကယ်ကို နှစ်လိုဖွယ်ကောင်းတဲ့ အခိုက်အတန့်ပါပဲ။ဒါပေမယ့်ကျွန်တော်က ပွဲထွက် ကစားချင်တာပါ။" လို့ ဂီရောဒ့်က ပြောခဲ့ပါတယ်။ ဂီရော့ဒ်အနေနဲ့ ပွဲထွက်ခွင့်အတွက် ဆန်းချက်၊၀ဲလ်ဘက်တို့နဲ့ အပြိုင်ကြိုးစားသွားရဖွယ်ရှိနေပါတယ်

အိုလီဗီယာ ဂီရော့ဒ်ဟာ ဒုတိယပိုင်း ၈၅ မိနစ်မှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂီရော့ဒ်ဟာ အဆိုပါ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ၂၀၁၆-၁၇ နောက်ပိုင်း လူစားဝင်ကစားပြီး ဂိုးအများဆုံး သွင်းယူထား သူအဖြစ် ရပ်တည်နေနိုင်ခဲ့ပါတယ်။

play

 

၂၀၁၆-၁၇ ကနေစပြီး လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပြီး ဂိုးသွင်းထားသူများစာရင်းတွင် ဂီရော့ဒ်က (၇)ဂိုးထိသွင်းယူထားနိုင်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေနိုင်ပါတယ်။ ၎င်းရဲ့နောက်မှာတော့ နိုလီတိုနဲ့ ဘတ်ရှုဝါရီတို့က (၄)ဂိုးစီ၊နဲ့ အသီးသီး ရပ်တည်လျက်ရှိနေပါတယ်။

Source- Sky Sport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ