EPL: စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ်တွေအပြီး အံ့အားသင့်ဖွယ် အကြောင်းအရာ (၁၀)ချက်

စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ကစားပြီးချိန်မှာတော့ စိတ်ဝင်စားဖွယ် အကြောင်းအရာ (၁၀)ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ပထမဆုံး အကြောင်းအရာကတော့ လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းဟာ အသင်းငယ်လေး ဘန်လေအသင်းကို အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ခ်ျမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အဓိက ကစားသမား အစုံအလင် ပါဝင်ခဲ့ပေ မယ့်လည်း ပွဲချိန် ၁၅ မိနစ်မှာ နောက်ခံလူ ကာဟေးလ် ထုတ်ပယ်ခံရမှုက ချဲလ်ဆီးအသင်းအတွက် ဖိအားဖြစ်ခဲ့ရပါတယ်။ ၃-၀ နဲ့ အရေး နိမ့်နေပြီးနောက် ကွင်းလယ်လူ ဖာဘရီဂတ်စ်ပါ ထပ်မံ ထုတ်ပယ်ခံခဲ့ရတာကတော့ လက်ရှိချန်ပီယံ ကို ဘယ်လိုမှ ပြန်မလာ စေချင် တဲ့သ ဘော သက်ရောက်သွားစေခဲ့ပါတယ်။ ပွဲပြီး ဆုံးချိန် မှာတော့ ချန်ပီယံတွေ ဘယ်လောက် ကြိုးစား ကြိုးစား မမီနိုင်တော့ပဲ ၃-၂ ဂိုးနဲ့ အိမ်ကွင်းမှာ အရှက်ကွက်ခဲ့ရပါတယ်။

play

 

(၂) ဒုတိယအသင်းကတော့ ပဲလေ့စ်အသင်းပဲ ဖြစ်ပါတယ်။အိမ်ကွင်းမှာ တန်းတက် ဟက်ဒါဖီးလ်အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး အားလုံးက ထင်မြင်ထားတာတွေနဲ့ သွေဖယ်စေခဲ့တဲ့ ရလဒ်မျိုးကို စွမ်းဆောင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ မထင်  မှတ်ပဲ ဟတ်ဒါဖီးလ်လိုအသင်းမျိုးကို တန်းစီဇယားအဆင့်(၁)ကို ပို့ဆောင်ပေးခဲ့သူအဖြစ်လည်း ပဲလေ့စ်အသင်းရဲ့ ဒီရာသီ ခြေစွမ်းက မေးခွန်း ထုတ်စရာကောင်းနေပါတယ်။

(၃) ချန်ပီယံကို မှင်တက်စေခဲ့တဲ့ ဘန်လေကတော့ တစ်ကယ်ကို ချီးကျူးစရာကောင်းလှပါတယ်။ဒီရာသီမှာ ပြင်ဆင်မှု ကြီးကြီးမားမား မပြုလုပ်နိုင်ပဲ တန်းမဆင်းရရေးအဓိကထား ကစားရမယ့် အသင်းတွေထဲမှာ ပါဝင်နေတဲ့ ဘန်လေ  အသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဟာ ရမှတ် မရှိနိုင်ဘူးလို့ အားလုံးက ထင်မှတ်ထားခဲ့ကြတာပါ။တစ်ကယ်တော့ လက်တွေ့နဲ့ကတော့ တစ်ခြားစီပါပဲ။ပထမပိုင်း မှာပဲ ချန်ပီယံ တွေကို ၃-၀ နဲ့  ဦးဆောင်ပြနိုင်ခဲ့တဲ့ ဘန်လေရဲ့ အစွမ်းက တော့ အံ့မခန်းစရာပါ။ဒီရာသီ ဘာတွေ ဆက်လုပ်ပြနိုင်မလဲ ဆိုတကလည်း ဆက်လက်စောင့်ကြည့်သွားရတော့မှာပဲ ဖြစ်ပါတယ်။

play

 

(၄) တစ်ကျော့ပြန်သူရဲကောင်း ရွန်နီကတော့ အဲဗာတန်အတွက် တန်ဖိုးမဖြတ်နိုင်တော့ပါဘူး။သူဟာ မန်ယူအသင်းရဲ့ ရောင်းချခြင်းကို ခံ့ခဲ့ရပြီးနောက် လက်ရွေးစင် ကစားသမားဘ၀ကို လိုချင်တဲ့အတွက် ငွေနောက်မလိုက်ပဲ အဲဗာတန်ကိုရွေးချယ်ခဲ့တာမှာ မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရတော့မှာပါ။အသက်အရွယ်အရ ၃၂ နှစ်ရှိပြီဆိုပေမယ့် ကြံ့ခိုင်မှု ကောင်းကောင်းနဲ့ တိုက်စစ်ကိုရော အသင်းကိုပါ ဦးဆောင်နိုင်နေသူ တစ်ယောက်အဖြစ် ရှိနေသေးတယ်ဆိုတာကိုတော့ မနေ့က  သွင်းယူခဲ့တဲ့ ဂိုးက သက်သေအဖြစ် ရှိနေပါ လိမ့်မယ်။

(၅) ခြေရည်တူ နှစ်သင်းတွေ့ဆုံမှုမှာ အဖွင့်လှခဲ့တဲ့ ၀က်ဘရွန်းအတွက်ကတော့ ဒီရာသီ တိုနီပူးလ်အတွက် အသက်ရှုချောင်စေခဲ့ပြီလို့ဆိုရမှာပဲ ဖြစ်ပါတယ်။ ၀က်ဘရွန်းဟာ အသင်းကြီးတွေနဲ့ တွေ့ရင် တစ်ခုခု လုပ်ပြနိုင်ပေမယ့် အသင်း

ငယ်အချင်းချင်းတွေ့ရင်တော့ အမှားကျူးလွန်လေ့ ရှိတာကြောင့် သူ့ရဲ့ အဖွင့်ဟာလည်း ရင်တထိတ်ထိတ်ရှိလှခဲ့ပါတယ်။ဒါပေမယ့်လည်း တိုနီပူးလ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးနဲ့အတူ အသက်ရှုချောင်စေခဲ့ပါပြီ။

(၆) သရေပွဲအဖြစ် အဆုံးသတ်ခဲ့တဲ့ ဆောက်သမ်တန်နဲ့ ဆွမ်ဆီးတို့ပွဲကလည်း ပြောစရာတွေ ကျန်နေခဲ့ပါတယ်။နည်းပြသစ် ပယ်လီဂရီနိုရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲကတော့ ရင်တထိတ်ထိတ် ရှိခဲ့ပြီး အနိုင်ရရှိရေးထက် မရှုံးနိမ့်ရေးကို ဦး စားပေးကစားခဲ့ပုံကြောင့်လည်း ဆောက်သမ်တန်အသင်း အိမ်ကွင်းမှာ အမှတ်ပြည့်နဲ့ လွဲခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။

(၇) ပွဲမကန်ခင်ကတည်းက အနိုင်ရရှိနေခဲ့ပြီလို့ ဆိုရမယ့် စပါးအသင်းပဲ ဖြစ်ပါတယ်။စပါးအသင်းဟာ ဒီကနေ့ည (၇)နာရီမှာ နယူးကာဆယ်အ သင်းနဲ့ ကစားရမှာ ဖြစ်ပြီး နောက်တစ်ပတ်မှာတော့ ချဲလ်ဆီးအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ချဲလ်ဆီးအသင်းက အဓိက ကစားသမားအချို့ ပွဲပယ် ဒဏ်ရာ ပြဿနာတွေ ရှိသွားလို့ စပါးအသင်းအတွက် မဟာ အခွင့်အရေးကြီး ဖြစ်လာဖို့ ရှိနေပြီလဲ ဖြစ်ပါတယ်။ချန်ပီယံတေ အတွက်တော့ ဒါဟာ နောက်ထပ် ထိုးနှက်ချက် တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

(၈) ဟတ်ဒါဖီးလ်အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး မိုရီနီကတော့ သူ့ရဲ့ ခြေစွမ်းကို အဖွင့်ပွဲစဉ်မှာ ပြသသွား နိုင်ခဲ့တာကြောင့် ဟတ်ဒါဖီးလ်အသင်းအတွက်တော့ ပျော်ရွှင်စရာ အခိုက်အတန့် ဖြစ်စေခဲ့ပါပြီ။

ဟတ်ဒါဖီးလ်အသင်းဟာ မိုရီနီကို ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းနဲ့ မောင့်ပယ်လီယာအသင်းကနေ ခေါ်ယူထားတာ လည်းဖြစ်ပါတယ်။ သူ့ရဲ့ခြေစွမ်းကို ဒီရာသီ ပရီးမီးယားလိဂ်မှာ ပြသနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖွယ် စောင့် ကြည့် သွားရတော့မှာ ဖြစ်ပါတယ်။

play

 

(၉) ချဲလ်ဆီးအသင်းကခေါ်ယူထားခဲ့တဲ့ မိုရာတာအနေနဲ့ သူဟာ အဆင့်မြင့်တိုက်စစ်မှူးတစ်ယောက်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။သူဟာ ပွဲချိန် ၅၉ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး ၆၉ မိနစ်မှာတော့ သူ့ရဲ့ ပရီးမီးယားလိဂ် အဖွင့်ဂိုးကို သွင်းယူ

နိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့ ဂိုးဟာ ချဲလ်ဆီးအသင်းကိုတော့ ကယ်တင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ချဲလ်ဆီးအသင်းဟာ အဆိုပါပွဲမှာတော့ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

(၁၀) နောက်ဆုံးတစ်ခုကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်စနေနေ့ ပွဲအပြီးမှာတော့ တန်းတက် ဟတ်ဒါဖီးလ်အသင်းက ပဲလေ့စ်အသင်းကို ၃-၀ နဲ့ အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

Source- Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ