EPL: ၀က်စ်ဟမ်နဲ့အတူ အရည်အချင်းအစစ်အမှန်ကို ပြသဖို့ မစောင့်နိုင်တော့တဲ့ ဂျိုးဟတ်

မန်စီးတီး မန်နေဂျာ ဂွါဒီယိုလာရဲ့ မလိုအပ်ချက်ကြောင့် ပြီးခဲ့တဲ့ ရာသီက အီတလီစီးရီးအေးကို သွားရောက် ကစားခဲ့ရပြီး ယခုနှစ်ရာသီမှာတော့ ၀က်စ်ဟမ်းအသင်းကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကို ဂွါဒီယိုလာရောက်လာပြီးနောက် တိုရီနိုအသင်းကို သွားရောက်ကစားခဲ့ရတဲ့ အင်္ဂလန်ဂိုးသမား ဂျိုးဟတ်က ယခုနှစ် ရာသီ မှာ အသင်းသစ် ၀က်စ်ဟမ်းအသင်းနဲ့အတူ အင်္ဂလန်ပရီးမီးယားလိဂ်ကို ပြန်လည်ခြေချလာခဲ့ပြီ ဖြစ်ပါတယ်။

play

 

မန်စီးတီး မန်နေဂျာ ဂွါဒီယိုလာရဲ့ မလိုအပ်ချက်ကြောင့် ပြီးခဲ့တဲ့ ရာသီက အီတလီစီးရီးအေးကို သွားရောက် ကစားခဲ့ရပြီး ယခုနှစ်ရာသီမှာ တော့ ၀က်စ်ဟမ်းအသင်းကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

အသက်(၃၀)နှစ်ရှိပြီဖြစ်တဲ့အဆိုပါ အင်္ဂလန်လက်ရွေးစင ဂျိုးဟတ်အနေနဲ့ အသင်းသစ်နဲ့အတူ ၂၀၁၇-၁၈ ပရီးမီးယားလိဂ် ရာသီကို ပွဲထွက်ဖို့ အတွက် မစောင့်ဆိုင်းနိုင်တော့ဘူးလို့ဆိုပါတယ်။

"ကျွန်တော် ပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်တာနဲ့အညီ မှန်ကန်တဲ့ ရွေးချယ်မှုတွေကို လုပ်ခဲ့တယ်လို့ မြင်ပါတယ်။အခုလို ၀က်စ်ဟမ်းအ သင်းနဲ့အတူ လက်တွဲခွင့်ရပြီး ပရီးမီးယားလိဂ် မြေကို ပြန်လည် ခြေချခွင့်ရခဲ့တဲ့ အပေါ်မှာလည်းအင်မတန် ကျေနပ်ပါတယ်။ကျွန်တော့်ရဲ့ အရည်အချင်းအစစ်အမှန်တွေကို ထုတ်ပြနိုင်ဖို့အတွက် မစောင့်နိုင်တော့လောက်အောင်ကို ကစား ချင်နေပါပြီ။" လို့ ဂျိုးဟတ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

ဂျိုးဟတ်က အခုလို အရည်အချင်း ထုတ်ပြချင်တာက မန်စီးတီးအသင်းက သူ့ကို ပြန်လည်ခေါ်ယူစေဖို့မဟုတ်ပဲ အင်္ဂလန်လက်ရွေးစင်အသင်း မှာ တစ်ကျော့ပြန် အရွေးချယ်ခံရဖို့အတွက်သာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

"မန်စီးတီးအသင်းကတော့ ကျွန်တော့်ဘ၀အတွက် မမေ့နိုင်စရာ ပါပဲ။အသင်းပရိသတ်တွေကလည်း အများကြီး ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း ရှိနေပါတယ်။ဒါပေမယ့် မန်စီးတီးအသင်း ကို ပြန်သွားဖို့တော့ မစဉ်းစားသေးပါဘူး။အခု ကျွန်တော့ ရည်ရွယ်ချက်က အင်္ဂလန်အသင်းရဲ့ ရွေးချယ်ခြင်းကို တစ်ကျော့ပြန်လည်ရရှိဖို့ပဲ ဖြစ်ပါ တယ်။လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့မှာ ယနေ့ ည၉နာရီခွဲအချိန်မှာ အိုးထရက်ဖို့ဒ်ကွင်းအတွင်း ပရီးမီးယားလိဂ် ပွဲစဉ်(၁)အဖြစ် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

Source & Photos - Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ