EPL: အာဆင်နယ်ကို မပြောင်းခဲ့သည်မှာ မှန်သွားကြောင်း ပြောလိုက်တဲ့ ဗာဒီ

အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ဗာဒီက ငြင်းဆန်းခဲ့ပါတယ်။

အာဆင်နယ်အသင်း ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့တယ်လို့ ချန်ပီယံဟောင်းလက်စတာအသင်းရဲ့ တိုက်စစ်မှူး ဗာဒီက ပြောပါတယ်။

Postby

 

လက်စတာအသင်း ချန်ပီယံ ဖြစ်ခဲ့ပြီးတဲ့နောက်မှာ အသင်းအအတွက် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ လက်စတာတိုက်စစ်မှူး ဗာဒီကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ လက်စတာတိုက်စစ်မှူး ဗာဒီကို အာဆင်နယ်အသင်းအပါအဝင် အခြားအသင်းကြီးတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။

play

 

ဒါပေမယ့် နောက်ထပ်အသင်းကြီးတစ်သင်းက ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ မိမိငြင်းချင်မှ ငြင်းမိလိမ့်မယ်လို့ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဗာဒီက ပြောပါတယ်။ အာဆင်နယ်ကို ငြင်းမိတဲ့အတွက်တော့ အက်ဖ်အေဖလား ဆုတံဆိပ်ရဖို့ လွဲချော်ခဲ့ပေမယ့် နောင်တလုံးဝမရဘူးလို့ ဗာဒီက ဆိုပါတယ်။

 

play

 

“ ကျွန်တော်တတ်နိုင်သလောက် ဆုဖလားတွေ လိုချင်ပါတယ်။ ကျွန်တော့် ကစားသမားဘဝမှာ ပရီးမီးယားလိဂ် ဆုဖလားတစ်ခုတည်းနဲ့ မတင်းတိမ်နိုင်ပါဘူး။ ဒါပေမယ့် အာဆင်နယ်ကို မရွေးခဲ့တဲ့ ကျွန်တော့်ဆုံးဖြတ်ချက်အတွက် နောင်တမရပါဘူး။ ကျွန်တော့်ဆုဖလားဗီဒိုထဲမှာ နေရာလွတ်တွေအများကြီးရှိသေးတယ်။ အနာဂတ်ကို ဘယ်သူက ကြိုသိနိုင်မှာလဲဗျာ” လို့ ဗာဒီက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ