EPL: မိမိချဲလ်ဆီးအသင်းက ကွန်တီရဲ့ အသင်းထက် ပိုကောင်းတယ်လို့ မော်ရင်ဟို ပြောကြား

လက်ရှိ အချိန်မှာတော့ မော်ရင်ဟိုအနေနဲ့ မန်ယူအသင်းကို နည်းပြနေပြီး ယူရိုပါလိဂ်ဖလားကို ရယူပေးထားနိုင်ပါတယ်။

ချဲလ်ဆီးအသင်းကို ၂၀၁၃ ခုနှစ်မှာ တစ်ကျော့ပြန်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဆွတ်ခူးနိုင်ခဲ့တဲ့ လက်ရှိ မန်ယူ နည်းပြ မော်ရင်ဟိုက မိမိ ကိုင်တွယ်ခဲ့စဉ်က ချဲလ်ဆီးအသင်းက ယခု ကွန်တီနည်းပြနေတဲ့ ချဲလ်ဆီးအသင်းထက် ပိုမိုကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းကို ၂၀၁၃ ခုနှစ်မှာ တစ်ကျော့ပြန်ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ကာ နှစ်နှစ်အတွင်း ကလပ်အသင်းနဲ့ တတိယအကြိမ် ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

play

မော်ရင်ဟိုကပြောရာတွင် ကွန်တီလက်ထက် ချန်ပီယံဖြစ်ခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ နောက်တန်းမှာလည်း အပြစ်တွေ အများကြီးရှိသလို ကစားပုံမှာလည်း နှေးကွေးလွန်းနေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် သွင်းဂိုးမှာလည်း ဒုတိယနေရာက မန်စီးတီးအသင်းထက် ၁၀ ဂိုးလောက် နည်းနေသေးတယ်လို့ အပြစ်ရှာ ပြောခဲ့ပါတယ်။

 

ဒါပေမယ့် the times သတင်းစာရဲ့ အင်တာဗျူးတစ်ခုမှာတောာ့ မော်ရင်ဟိုက -"ကျွန်တော့်အသင်းက အခု ချန်ပီယံ ဖြစ်ခဲ့တဲ့ ကွန်တီလက်ထက် ချဲလ်ဆီးအသင်းနဲ့ ရီရေးရာရီ လက်ထက် လက်စတာအသင်းတို့ထက် ကစားကွက် ပိုမိုဆွဲ ဆောင်မှု ရှိပါတယ်။ဒါကို ကျွန်တော် အရိုးသားဆုံးပြောတာပါ။"ပြောခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ မော်ရင်ဟိုအနေနဲ့ မန်ယူအသင်းကို နည်းပြနေပြီး ယူရိုပါလိဂ်ဖလားကိုရယူပေးထားနိုင်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ