EPL: ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဆန်းချက်အတွက် ပေါင်သန်း ၂၀ သာပေးလိုတော့တဲ့ မန်စီးတီး

နောက်ဆုံးသဘောတူညီမှုရရှိထားတဲ့ ပေါင်သန်း ၆၀ ကို ပေးချေလိုစိတ်မရှိတော့တဲ့အတွက် ပေါင်သန်း ၂၀ ကိုလျှော့ချလိုက်တာဖြစ်ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်ဇန်နဝါရီလ အပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၂၀ နဲ့သာ ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ မိုနာကိုအသင်းရဲ့ကစားသမား သောမတ်လီမာကို ပေါင် ၉၂ သန်းနဲ့ခေါ်ယူဖို့ ကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရပြီး အလက်ဆစ်ဆန်းချက်ဇ်ကို ပေါင်သန်း ၆၀ နဲ့ မန်ချက်စတာစီးတီးအသင်းကို ရောင်းချဖို့ သဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

Postby

 

အလက်ဆစ်ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေသူဖြစ်ပြီး လာမယ့် ဇန်နဝါရီလအပြောင်းအရွှေ့ကာလမှာမှ ရောင်းချနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် နွေရာသီအပြောင်းအရွှေ့ကာလမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရမှာဖြစ်တဲ့အတွက် အာဆင်နယ်အသင်းအနေနဲ့ အသင်းအတွက် နစ်နာမှုကြီးကြီးမားမားမဖြစ်ပေါ်အောင် အမြန်ဆုံးရောင်းချဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့ဟာ စာချုပ်သက်တမ်းနောက်ဆုံးနှစ် ရောက်ရှိနေသူတွေဖြစ်ပြီး မကြာသေးမီရက်ပိုင်းက အိုဇေးလ်နဲ့အာဆင်နယ်ဂန္တဝင်ကစားသမားဟောင်းတွေ အပြန်အလှန် ဝေဖန်ပြောဆိုခဲ့ကြတဲ့အတွက် ပရိသတ်တွေနဲ့ကစားသမားတွေအချင်းချင်းကြားမှာ စည်းလုံးမှုပြိုကွဲနေပြီး အာဆင်ဝင်းဂါးအတွက် စိတ်ရှုပ်စရာတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။

 

ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းအတွက် ယခုနှစ်ရာသီမှာ ပထမဆုံးပွဲစဉ်အဖြစ် လာမယ့်စနေနေ့ ည ၈ နာရီခွဲမှာ ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမယ့်ပွဲမှာ ပါဝင်ကစားသွားဖို့ရှိနေတာဖြစ်ပါတယ်။

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ