EPL: မူလာကို အပြိုင်စိတ်ဝင်စားနေတဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်

ကားလို့စ် အန်ဆန်လော့တီ လက်အောက်မှာ အဆင်မပြေဖြစ်နေတဲ့ မူလာအနေနဲ့ အသင်းမှ ထွက်ခွာဖို့ အခွင့်အရေး လည်း ဖြစ်လာပါတယ်။

လန်ဒန် အသင်းများဖြစ်ကြတဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်တို့ အနေနဲ့ ဂျာမဏီကလပ် ဘိုင်ယန်မြူးနစ်အသင်းမှ တိုက်စစ်မှူး သောမတ်စ် မူလာကို ခေါ်ယူနိုင်ရေး အပြိုင်စိတ်ဝင်စားနေပါတယ်။

play

 

ကားလို့စ် အန်ဆန်လော့တီ လက်အောက်မှာ အဆင်မပြေဖြစ်နေတဲ့ မူလာအနေနဲ့ အသင်းမှ ထွက်ခွာဖို့ အခွင့်အရေး လည်း ဖြစ်လာပါတယ်။ နှစ်သင်းစလုံးကတော့ မူလာကို လာမယ့် ဇန်န၀ါရီလမှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

 

မူလာအနေနဲ့လည်း အသင်းရဲ့ အနာဂတ်မှာပါဝင်နိုင်ဖို့ အလားအလာ မှေးမှိန်လာတာကြောင့် လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေမှာ ဖြစ်လာဖွယ်ရှိနေတယ်လို့လည်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ဒါပေမယ့်လည်း ဘွန်ဒက်လီဂါ ချန်ပီယံအနေနဲ့ မူလကို ရောင်းဖို့ မရှိဘူးလို့လည်း သိရပြန်ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ မူလာအနေနဲ့ ကားလို့စ် အန်ဆန်လော့တီရဲ့ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံထားရကာ တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးနောက် အရံကစားသမားအဖြစ်သာ ကစားနေရသူလည်း ဖြစ်ပါတယ်။

Postby

Source-Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ