EPL: အပြောင်းအရွှေ့ဈေးကွက် စောပိတ်မည့်စည်းမျဉ်းသစ်ကို ဆန့်ကျင်မဲပေးခဲ့တဲ့ မန်ယူနဲ့မန်စီးတီး

ပရီးမီးယားလိဂ်ဘောလုံးရာသီမစတင်ခင်မှာ အပြောင်းအရွှေ့ပိတ်သိမ်းရမှာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီး အပါအဝင်​ ဝက်ဖို့ဒ်၊ ဆွမ်ဆီး၊ ခရစ်စတယ်ပဲလေ့စ်အသင်းတို့ဟာ လာမယ့်ရာသီသစ်​မှာ ​စတင်​ကျင့်​သုံးမယ့် အ​ပြောင်းအ​ရွှေ့​ဈေးကွက်​ကို စောစီးစွာပိတ်​သိမ်းသည့် စည်းမျဉ်းသစ်​ကို ဆန့်​ကျင်​ မဲ​ပေးခဲ့ကြ​တယ်လို့ သိရပါတယ်​။

ဘန်လေအသင်းကတော့ ကြား​နေအသင်းဖြစ်​ပြီး ကျန်​ ၁၄သင်း စည်းမျဉ်းသစ်​ကို သ​ဘောတူခဲ့ကြတဲ့အတွက် မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ ဒေါသထွက်ခဲ့ကြပါတယ်။

Postby

 

၁၄ သင်းက ထောက်ခံမဲပေးခဲ့တဲ့အတွက် ယင်းစည်းမျဉ်းသစ်ဟာ အတည်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ ထုတ်ပြန်ကြေညာချက်မှာ "ပရီးမီးယားလိဂ်ကလပ်အသင်းတွေက သဘောတူညီခဲ့တဲ့အတွက် လာမယ့်နွေရာအသီအပြောင်းအရွှေ့ကာလဟာ သြဂုတ်လ ၉ ရက် ကြာသပတေးနေ့မှာ ပိတ်သိမ်းမှာဖြစ်ပါတယ်။ ယခုစည်းမျဉ်းသစ်မှာ ပရီးမီးယားလိဂ်တစ်ခုတည်းအတွက်ဖြစ်ပြီး အခြားလိဂ်တွေနဲ့ ပြိုင်ပွဲတွေမှာ သက်ရောက်ခြင်းရှိမှာမဟုတ်ပါဘူး။

play

 

ယခုစည်းမျဉ်းသစ်ဟာ လာမယ့်နွေရာသီမှာ စတင်အသက်ဝင်မှာဖြစ်ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ ၉ ရက် ကြာသပတေးနေ့မှာ အပြောင်းအရွှေ့ဈေးကွက်ကို ပိတ်သိမ်းသွားမှာဖြစ်ပါတယ်"လို့ ရေးသားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ