EPL: ဇန်န၀ါရီမှာ လီမာကိုခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ အာဆင်နယ်

လီမာအတွက် ပြောင်းရွှေ့ကြေးပေါင် ၉၂ သန်းအထိ သုံးစွဲသွားမယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် ဇန်န၀ါရီဈေးကွက်မှာ မိုနာကို ကစားသမား လီမာကို အပြီးသတ်ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

play

 

နွေရာသီဈေးကွက်မှာ ခေါ်ယူခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ အာဆင်နယ်အသင်းအနေနဲ့ လီမာကို လက်မလျော့သေးပဲ လာမယ့် ဇန်န၀ါရီဈေးကွက်မှာထပ်မံခေါ်ယူနိုင်ရေး ကြိုးစားသွားမှာလည်း ဖြစ်ပါတယ်။

play

 

ယင်းကဲ့သို့ ခေါ်ယူရာတွင် အာဆင်နယ်အသင်းအနေနဲ့ လီမာအတွက် ပြောင်းရွှေ့ကြေးပေါင် ၉၂ သန်းအထိ သုံးစွဲသွားမယ်လို့ သိရပြီး ခေါ်ယူဖြစ်ပါက တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ ပေးဆောင်ရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

 

အာစင်ဝင်းဂါးကတော့ လီမာကိုခေါ်ယူဖို့က ဆန်းချက်ကို လက်လွှတ်ခဲ့ရတာနဲ့ မသက်ဆိုင်ဘူးလို့လည်း ထုတ်ဖော် ပြောထားခဲ့ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ဆန်းချက်ကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် နွေရာသီဈေးကွက်နောက်ဆုံးအချိန်မှာ အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေးပေါင် သန်း ၆၀ ကိုပယ်ချခဲ့တာကြောင့် ပျက်ပြယ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ၀င်းဂါးအနေနဲ့ လုံးဝ အရှုံးမပေးသေးပဲ ဆန်းချက်ကို စာချုပ်သစ်ချုပ်ဆိုဖို့ မျှော်လင့်နေပြီး ဆန်းချက်ရဲ့ စာချုပ်မှာ ယခုနှစ် ရာသီကုန်လျှင် ပြည့်မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆန်းချက်အနေနဲ့ အာဆင်နယ်အသင်းမှာ ထပ်မံမနေချင်ပါက မန်စီးတီးအသင်းရဲ့ ပေါင် သန်း၃၀ နဲ့ ခေါ်ယူမှုကို လက်ခံရဖွယ်လည်း ရှိနေပါတယ်။

Postby

Source- Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ