EPL: ရွန်နီကို ရာဇသံပေးလိုက်တဲ့ အဲဗာတန်

ရွန်နီမှာ အဲဗာတန်အသင်းကို ယခုနှစ်ဘောလုံးရာသီမှာ ရောက်ရှိလာခဲ့ပြီး အသက်အရွယ်နဲ့မလိုက်အောင် ခြေစွမ်းပြ ကစားကာ ဂိုးတွေသွင်းယူပေးနိုင်သူလည်း ဖြစ်ပါတယ်။

အရက်မူးပြီး ကားမောင်းခဲ့လို့ ရဲက ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတာနဲ့ ပက်သက်ပြီး အဲဗာတန်အသင်းက ရွန်နီကို ဒဏ်ရိုက်ခဲ့ပါတယ်။

play

 

ဒါ့အပြင် အသင်းရဲ့ အနာဂတ် အစီအစဉ်မှာ ပါဝင်ချင်ပါကလည်း ဒါဟာ နောက်ဆုံးအကြိမ် ဖြစ်ပါစေလို့ ရာဇသံ ပေးမှု တစ်ရပ်ကို ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

play

အဲဗာတန်အသင်း မန်နေဂျာ ရော်နယ် ကိုးလ်မန်းက -" သူ့အနေနဲ့ အသင်းနဲ့အတူ လာမယ့် အပတ်မှာ ပွဲထွက်ကစား မှာပါ။အသင်းအတွက် ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ပြသဖို့ လိုပါတယ်။

 

ရွန်းနီနဲ့ အဲဗာတန် ဥက္ကဌ တို့ တွေ့ဆုံစကားပြောခဲ့မှုအပေါ် - ဒီအချိန်မှာ နားလည်ဖို့ တစ်ခုက အသင်းအတွက် ခိုင်မာ တိကျတဲ့ ဆုံးဖြတ်ချက်ကို ချက်မှတ်နိုင်ကြလာမယ့် စနေနေ့မှာ သူကစားမှာပါ။တစ်ကယ်လို့ ကြံ့ခိုင်မှုအပိုင်း နဲ့အခြားလိုအပ်ချက်ရှိနေပါက သူကစားနိုင်မှာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဖြစ်ရပ်အရ ကျွန်တော်အရမ်းကို စိတ်ပျက် မိပါတယ်။အဲ့ဒီကိစ္စကို ကျွန် တော်တို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က အသင်းဥက္ကဌ အပါအ၀င် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီး ဒီလို ဖြစ်ရပ်မျိုးနောက် မဖြစ်ပေါ်စေဖို့ ရာဇသံ ပေးမှုမျိုးပြုလုပ်ခဲ့ပါတယ်။"လို့ပြောခဲ့ပါတယ်။

ရွန်နီမှာ အဲဗာတန်အသင်းကို ယခုနှစ်ဘောလုံးရာသီမှာ ရောက်ရှိလာခဲ့ပြီး အသက်အရွယ်နဲ့မလိုက်အောင် ခြေစွမ်းပြ ကစားကာ ဂိုးတွေသွင်းယူပေးနိုင်သူလည်း ဖြစ်ပါတယ်။

Postby

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ