EPL: စပါးအသင်းရဲ့မစ်စတာဘင်းကို အရေးမယူဖို့ ပေါ့ချက်တီနို ဖီဖာကို တောင်းပန်

မစ်စတာဘင်းရဲ့ဟာသရုပ်ရှင်ကားထဲကို ကြည့်ဖူးတဲ့သူတိုင်း လက်ခလယ်ထောင်ပြတဲ့ ဟာသပြကွက်ကို သိကြမှာပါ။

play

 

ပြီးခဲ့တဲ့ စလိုဗက်ကီးယားနဲ့အင်္ဂလန်အသင်းတို့ရဲ့ပွဲစဉ်မှာ စပါးအသင်းရဲ့ကွင်းလယ်ကစားသမား ဒယ်လီအယ်လီရဲ့လက်ခလယ်ထောင်ပြခဲ့တဲ့ အပြုအမူကြောင့် ဖီဖာက အရေးယူခဲ့မယ်ဆိုရင် မှားယွင်းတဲ့လုပ်ရပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒယ်လီအယ်လီဟာ အသင်းဖော်ဖြစ်တဲ့ ကိုင်လီဝေါ်ကာကို မစ်စတာဘင်းရဲ့ဟာသကားထဲကလို လက်ခလယ်ထောင်ပြပြီး ကျီစယ်နေတာသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Mr.Bean Middle Finger Gesture

 

အယ်လီဟာ ပထမက ဒိုင်လူကြီး ကလီးမင့်တာပင်ကို လက်ခလယ်ထောင်ပြတာလို့ ထင်ခဲ့ကြပြီး အယ်လီက ကိုင်လီဝေါ်ကာနဲ့သူတို့ ၂ ဦးကြားက ဟာသအနေနဲ့ လက်ခလယ်ထောင်ပြခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

Postby

 

လူမှုကွန်ရက်မှာ ဝေါ်ကာက အယ်လီရဲ့လက်ခလယ်ထောင်နေတဲ့ပုံနဲ့ မစ်စတာဘင်းရဲ့ဇာတ်ကားထဲမှာ လက်ခလယ်ထောင်နေတဲ့ပုံကို ယှဉ်တွဲပြခဲ့ပြီး အယ်လီမှာ အပြစ်မရှိကြောင်း ပြသခဲ့ပါတယ်။

"အဲဒါဟာသတစ်ခုပါ။ ပြောရမယ်ဆိုရင် ဒါက ပြဿနာကြီးမဟုတ်တာ အမှန်ပဲ။ မစ်စတာဘင်းကို ကြည့်လေ။ သူ လက်ခလယ်ထောင်ပြတုန်းက အားလုံးရယ်မောခဲ့ကြတယ်လေ။ ဒယ်လီက ဝေါ်ကာကိုလည်း လက်ခလယ်ထောင်ပြရော အရေးယူမယ်ဆိုတာ ဖြစ်သင့်လား"လို့ ပေါ့ချက်တီနိုက ပြောပြခဲ့ပါတယ်။

 

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဝမ်ယာမာဟာ ဒူးဒဏ်ရာကြောင့် အောက်တိုဘာလအထိ အနားယူရမှာဖြစ်တဲ့အတွက် ပေါ့ချက်တီနိုအတွက် ဒယ်လီအယ်လီသာ ပြစ်ဒဏ်ချမှတ်ခံရလို့ ပွဲပယ်ခံခဲ့ရရင် ကွင်းလယ်မှာ ပြဿနာရှိလာနိုင်ပါတယ်။

Source & Photos:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ