EPL: ကော်တင်ဟိုနဲ့ဆက်ဆံရေးအဆင်ပြေတယ်လို့ ယာဂန်ကလော့ပ် ပြော

ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခွင့်မပြုတဲ့ လီဗာပူးအသင်းအတွက် လာမယ့်စနေနေ့ မန်စီးတီးနဲ့ပွဲစဉ်မှာ ပါဝင်မကစားပေးချင်ဘူးလို့ သိရပါတယ်။

play

 

လီဗာပူးအသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်က ကော်တင်ဟိုနဲ့ပတ်သက်ပြီး ဆက်ဆံရေးကောင်းမွန်ကြောင်း စကားသေသေချာချာ ပြောဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လာမယ့် မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ ပါဝင်လာဖို့ မျှော်လင့်ထားလို့ မရသေးကြောင်း ပြောခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဗာပူးအသင်းရဲ့ကွင်းလယ်ကစားသမား ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လိုသူဖြစ်ပြီး ဘရာဇီးအသင်းအတွက် နိုင်ငံတကာပြိုင်ပွဲကစားပေးပြီး လီဗာပူးအသင်းရဲ့လေ့ကျင့်ရေးကွင်း မဲလ်ဝုဒ်မှာ လေ့ကျင့်ရေးဆင်းနေတာကို တွေ့ရပါတယ်။

Postby

 

ယခုလို လေ့ကျင့်ရေးပြန်ဆင်းတာဟာ မြူးနစ်မှာ ရာသီကြိုပွဲစဉ်ကစားဖို့အတွက် လေ့ကျင့်ရေးဆင်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။ ကော်တင်ဟိုဟာ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံးပွဲစဉ်မှာ နောက်ကျောဒဏ်ရာ ရရှိခဲ့ပြီး ယခုနှစ် ပရီးမီယားလိဂ်ရာသီအစပွဲစဉ်တွေကို လွဲချော်နေသူဖြစ်ပါတယ်။

play

 

ဒါပေမယ့် ဘရာဇီးအသင်းရဲ့ပွဲစဉ်တွေမှာတော့ ကြံ့ခိုင်မှုအပြည့်နဲ့ ဂိုးတွေပါ သွင်းယူနိုင်ခဲ့တဲ့အတွက် ယာဂန်ကလော့ပ်က မန်ချက်စတာစီးတီးအသင်းနဲ့ကစားရမယ့်ပွဲစဉ်အတွက် လူစာရင်းထဲမှာ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။

"လူတွေ ဘယ်လိုတွေးနေမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဖိလစ်က လွန်ခဲ့တဲ့အပတ်တွေတုန်းက နောက်ကျောဒဏ်ရာရခဲ့တယ်။ အဲဒါကြောင့် သူ့အနေနဲ့ လေ့ကျင့်ရေးမဆင်းနိုင်ဘူး။ ၃ ပတ်လောက်ရှိမယ်။ ရာသီစပွဲစဉ်တွေမှာလည်း ပါဝင် မကစားပေးနိုင်ခဲ့ဘူး"

"ဟုတ်တယ်။ သူ နိုင်ငံအသင်းအတွက် ကစားဖို့သွားခဲ့တယ်။ ပုံမှန်ပဲ လေ့ကျင့်ရေးဆင်းနိုင်တယ်။ အခု ကျွန်တော်တို့ ပရီးမီးယားလိဂ်အတွက် ပြင်ဆင်နေတယ်။ နောက်တစ်ခါ နိုင်ငံတကာပြိုင်ပွဲအားလပ်ရက်မရောက်ခင် ၇ ပွဲကန်ရဦးမယ်။ သူ့ကို ဒီနေ့မနက်မှာ လေ့ကျင့်ရေးကွင်းမှာ တွေ့ရတာအားလုံးကောင်းတယ်။ ချက်ချင်းတောင် အသုံးပြုလို့ ရနေပြီ"

 

"အားလုံးကောင်းတယ်။ ဘာမှကို ပြောစရာမလိုဘူး။ သူ ပြန်လာပြီး စကားတွေ ကောင်းကောင်းပြောခဲ့ကြတယ်။ ကျွန်တော်တို့ အဆင်ပြေပါတယ်"လို့ ယာဂန်ကလော့ပ်က ပြောခဲ့ပါတယ်။

Source & Photos: Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ