EPL: ဇီဒန်းကို ခေါ်ယူခွင့်ရခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်း ဘာကြောင့် ငြင်းပယ်ခဲ့တာလဲ

ဆာအဲလက်စ်ဖာဂူဆန်ဟာ ၁၉၉၆ ခုနှစ်မှာ ဇီဒန်းကို ခေါ်ယူခွင့်ရခဲ့ပေမယ့် ကန်တိုနာနဲ့အဆင်မပြေဖြစ်မှာစိုးတာကြောင့် မခေါ်ယူခဲ့တာပါ။

play

 

မန်ချက်စတာယူနိုက်တက်အသင်းကို ဇီဒန်း ရောက်ရှိဖို့ အလွန်နီးစပ်ခဲ့တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဥက္ကဌဟောင်း မာတင်အက်ဒ်ဝဒ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဇီဒန်းဟာ ဂျူဗင်တပ်၊ ရီးရဲမက်ဒရစ်တို့မှာ ကစားခဲ့ပြီး စီးရီးအေဖလား ၂ ကြိမ်၊ လာလီဂါဖလားနဲ့ချန်ပီယံလိဂ်ဖလားတို့ကို တစ်ကြိမ်စီ ရယူနိုင်ခဲ့ပါတယ်။

play

 

ဒါပေမယ့် ဇီဒန်းရရှိခဲ့တဲ့ ဆုဖလားတွေထက် ပိုများတဲ့ ဆုဖလားတွေ ရရှိနိုင်ဖို့ အခွင့်အရေးကို ဆာအဲလက်စ်ဖာဂူဆန်က ငြင်းပယ်ခဲ့ပါတယ်။ ယင်းအချိန်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘုရင်တစ်ဆူလို မင်းမူနေတဲ့ အဲရစ်ကန်တိုနာကို စိတ်အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက် ဖာဂူဆန်က ခေါ်ယူခြင်းမပြုခဲ့ပါဘူး။

၁၉၉၆ ခုနှစ်က ဘော်ဒိုးအသင်းမှာ ကစားနေတဲ့ ဇီဒန်းဟာ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးပြီး မာတင်အက်ဒ်ဝဒ်က ခေါ်ယူဖို့ အခွင့်အရေးတွေ ရရှိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

Postby

 

ဒါပေမယ့် ဖာဂူဆန်က ဇီဒန်းကို ခေါ်ယူဖို့ စိတ်မဝင်စားခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကန်တိုနာနဲ့ဇီဒန်းတို့ဟာ ကွင်းလယ်တိုက်စစ်မှာ ကစားတဲ့နေရာချင်းတူနေတဲ့အတွက် ယင်းအချိန်က လျှမ်းလျှမ်းတောက်နာမည်ကျော်ကြားပြီး ခြေစွမ်းပြသနေတဲ့ ကန်တိုနာနဲ့ ပဋိပက္ခဖြစ်မှာ စိုးရိမ်တဲ့အတွက် ဖြစ်ပါတယ်။

"ဇီဒန်းနဲ့ ကန်တိုနာက ကစားတဲ့နေရာတူနေတယ်။ ဖာဂူဆန်အနေနဲ့ ဇီဒန်းကို ခေါ်လိုက်မယ်ဆိုရင် ကန်တိုနာကို စိတ်ပျက်အောင် လုပ်သလိုဖြစ်မယ်လို့ တွေးခဲ့ပုံပဲ"လို့ အက်ဒ်ဝဒ်က ပြောပြခဲ့ပါတယ်။

 

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကံဆိုးတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ကန်တိုနာဟာ နောက်ထပ် တစ်နှစ်မှာပဲ အနားယူသွားခဲ့တဲ့အတွက် ဖာဂူဆန်အတွက် ဖွတ်မရ ဓါးမ ဆုံးဆိုသလိုဖြစ်ခဲ့တယ်လို့ အက်ဒ်ဝဒ်က ဆိုပါတယ်။

play

အက်ဒ်ဝဒ်က အတိတ်ကို ပြန်လည်တွေးတောပြီး "အမှန်တရားကို လက်ခံရမှာပဲ။ ဇီဒန်းဟာ ငယ်ရွယ်တဲ့ကစားသမားပါ။ အဲရစ်ကန်တိုနာက အဲဒီအချိန်မှာ အသက်ကြီးနေပြီ။ နောက်တစ်နှစ်အကြာမှာပဲ အနားယူသွားတယ်။ ဇီဒန်းသာဆိုရင် အသင်းမှာ အချိန်အကြာကြီး ဆက်ကစားနိုင်ဦးမှာ"လို့ ပြောပြခဲ့ပါတယ်။

play

ဇီဒန်းဟာ ၁၉၉၆ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဘောလုံးသမားဘဝကို ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားမှာ မက်တာရာဇီရဲ့ရင်ဘတ်ကို ခေါင်းနဲ့ပစ်တိုက်ပြီး အဆုံးသတ်ခဲ့ပါတယ်။ ဇီဒန်းဟာ စပိန်နဲ့အီတလီမှာ အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး အသင်းနှစ်သင်းစလုံးနဲ့ ယူအီးအက်ဖ်အေစူပါဖလားကို ရယူနိုင်ခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြကြီး ဖာဂူဆန်အတွက် ဒီအဖြစ်အပျက်ကြောင့် သင်ခန်းစာရခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ အသင်းမှာ ဘုရင်တစ်ဆူလို မင်းမူဖို့ ကြိုးစားခဲ့တဲ့ ဘက်ခမ်း၊ ခရစ်စတီယာနိုရော်နယ်ဒို စတဲ့ ကစားသမားတွေကို အလိုလိုက်တာမျိုးမရှိဘဲ ပြတ်ပြတ်သားသား ဆက်ဆံပြီး အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့ပုံရပါတယ်။

Source & Photos: Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ