EPL: လီဗာပူးနဲ့မန်စီးတီး တိုက်စစ် ဘယ်သူ ပိုသာမလဲ

ယနေ့ညနေ ၆ နာရီမှာ မန်စီးတီးအသင်းရဲ့အိမ်ကွင်းမှာ လီဗာပူးအသင်းကို လက်ခံယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

play

 

ယနေ့ ညနေ ၆ နာရီအချိန်မှာ ပရီးမီယားလိဂ် ပွဲစဉ် ၄ အဖြစ် မန်ချက်စတာစီးတီးအသင်းရဲ့အိမ်ကွင်းမှာ လီဗာပူးအသင်းကို လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ ၃ ပွဲကစားပြီးချိန်အထိ ရှုံးနိမ့်ထားခြင်းမရှိသေးဘဲ ၂ ပွဲနိုင်၊ သရေ တစ်ပွဲနဲ့ ၇ မှတ်စီ ရရှိထားတာဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းက ဂိုးကွာခြားချက်နဲ့ အဆင့် ၂ မှာ ရပ်တည်နေပြီး မန်ချက်စတာစီးတီးအသင်းက အဆင့် ၄ မှာ ရပ်တည်နေတာဖြစ်ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပြီးခဲ့တဲ့ရာသီက ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၂ ကြိမ်မှာ မန်ချက်စတာစီးတီးအသင်းက အိမ်ကွင်းမှာ လီဗာပူးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး လီဗာပူးအသင်းက အိမ်ကွင်း အန်းဖီးမှာ မန်ချက်စတာစီးတီးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ထပ်မံ အနိုင်ရခဲ့ပါတယ်။

play

 

အခုရာသီမှာတော့ နှစ်သင်းစလုံးဟာ ကစားသမားတွေ ခေါ်ယူအင်အားဖြည့်တင်းထားပြီး လီဗာပူးအသင်းက ခေါ်ယူထားတဲ့ မိုဟာမက်ဆာလာဟာ မန်စီးတီးအသင်းအတွက် သတိထားရမယ့် ကစားသမားဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့တိုက်စစ်ဟာ ယခုရာသီအစမှာ အားနည်းနေပြီး ၃ ပွဲကစားပြီးချိန်မှာ ၅ ဂိုး သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် ပေးဂိုး ၂ ဂိုး ခွင့်ပြုထားရပါတယ်။ တိုက်စစ်မှာ ဂက်ဘရီရယ်ဂျီးဆပ်တစ်ဦးတည်း အထောင်ထားပြီး ကစားတဲ့ ကစားကွက်ကို အသုံးပြုတဲ့ပွဲစဉ်တွေမှာ တိုက်စစ်ပိုင်းက အားနည်းနေတာကို တွေ့ရပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ယနေ့ပွဲစဉ်မှာ တိုက်စစ်အတွက် ကစားကွက်ကို အပြောင်းအလဲတွေ လုပ်လာနိုင်ပါတယ်။ မန်ချက်စတာစီးတီးအသင်းအတွက် လိုအပ်တဲ့အချိန်မှာ အမှတ်တွေရယူပေးနိုင်တဲ့ စတားလင်းဟာ ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရိသတ်ထဲထိ အောင်ပွဲခံခဲ့တဲ့အတွက် ၂ ဝါ ၁ နီ ပြသခံခဲ့ရပြီး ယနေ့ပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်မကစားပေးနိုင်တာ မန်စီးတီးအသင်းအတွက် နစ်နာမှုတစ်ခုဖြစ်ပါတယ်။

play

 

တိုက်စစ်မှာ အဂူရိုကို မဖြစ်မနေ ထည့်သွင်းကစားဖို့လိုအပ်နေပြီး အဂူရိုဟာ ယခုနှစ်ရာသီစတင်ချိန်ကနေ ယနေ့အချိန်ထိ အခြားအသင်းရဲ့တိုက်စစ်မှူးတွေအားလုံး လိုက်မမီနိုင်အောင် ဂိုးပေါက်ကန်သွင်း ခြိမ်းခြောက်မှု ၁၀၇ ကြိမ်အထိ အံ့အားသင့်ဖွယ် ပြုလုပ်ထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။ စတားလင်းက ၄၉ ကြိမ်နဲ့ ဂက်ဘရီရယ်ဂျီးဆပ်နဲ့ဆာနေးတို့က ၂၈ ကြိမ်စီ ပြုလုပ်ထားနိုင်ပါတယ်။ တိကျမှုမှာတော့ အဂူရိုအနေနဲ့ ၅၁.၄ ရာခိုင်နှုန်းသာရှိပြီး စတားလင်းက ၅၁ ရာခိုင်နှုန်းနဲ့ ဆာနေးက ၅၀ ရာခိုင်နှုန်းရှိပါတယ်။ ဒီနေရာမှာ ဂက်ဘရီရယ်ဂျီးဆပ်ဟာ ၅၇ ရာခိုင်နှုန်းအထိ တိကျမှုရှိပြီး ဂိုးသမားကို အခြိမ်းခြောက်နိုင်ဆုံးဖြစ်ပါတယ်။

 

လီဗာပူးအသင်းရဲ့တိုက်စစ်မှာ ဖာမီနိုဟာ ဂိုးပေါက်ကန်သွင်းခြိမ်းခြောက်မှု ၇၅ ကြိမ်ပြုလုပ်ထားနိုင်ပြီး ဆာနေးကတော့ ၄၇ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ တိကျမှုမှာတော့ မာနေးက ၆၅.၉ ရာခိုင်နှုန်းအထိ ရှိနေပြီး ဖာမီနိုက ၆၅ ရာခိုင်နှုန်းရှိပါတယ်။ မိုဟာမက်ဆာလာအနေနဲ့ ၅၅.၂ ရာခိုင်နှုန်း တိကျမှုရှိပါတယ်။

play

 

တိုက်စစ်မှာတော့ နှစ်သင်းစလုံးဟာ တူညီသယောင်ရှိပေမယ့် မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်ဟာ ၃ ပွဲမှာ ၅ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး စတားလင်း၊ အဂူရို၊ ဂက်ဘရီရယ်ဂျီးဆပ်တို့ကသွင်းယူခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့တိုက်စစ်ဟာ ၃ ပွဲမှာ ၈ ဂိုးအထိ သွင်းယူထားနိုင်ပြီး စတားရစ်၊ ဖာမီနို၊ မိုဟာမက်ဆာလာနဲ့ မာနေးတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တိုက်စစ်ပိုင်းမှာ လီဗာပူးအသင်းက ဂိုးသွင်းယူနိုင်တဲ့ ကစားသမား ပိုများနေပြီး မန်ချက်စတာစီးတီးအသင်းကတော့ စတားလင်းတစ်ဦးတည်းသာ အများဆုံး ၂ ဂိုးအထိ သွင်းယူပေးထားနိုင်တာဖြစ်တဲ့အတွက် တိုက်စစ်ပိုင်းမှာတော့ လီဗာပူးအသင်းက အသာစီးရရှိထားပါတယ်။

Postby

 

ပေးဂိုးမှာတော့ လီဗာပူးအသင်းက ၃ ဂိုးအထိ ပေးထားရပြီး မန်ချက်စတာစီးတီးအသင်းကတော့ ၂ ဂိုးသာ ပေးထားရတဲ့အတွက် ဂိုးသမားနဲ့ နောက်ခံလူတွေရဲ့စွမ်းဆောင်ရည်က မန်ချက်စတာစီးတီးအသင်းက အသာစီးရနေပါတယ်။ ဒါကြောင့် ယနေ့ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ဂိုးသွင်းယူနိုင်ခဲ့ရင်တောင် လီဗာပူးအသင်းက ချေပဂိုး ပြန်သွင်းနိုင်တဲ့အလားအလာများတာကြောင့် တစ်ဖက် ၂ ဂိုးစီနဲ့ ပွဲပြီးဆုံးသွားနိုင်ပါတယ်။

Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ