EPL: နှစ်ပွဲ ရှုံးထားသော်လည်း အာဆင်နယ် အမှတ်ပေးချန်ပီယံ ဖြစ်နိုင်သေးဟု အာစင်ဝင်းဂါး ယုံကြည်

အာဆင်နယ်က သုံးပွဲကစားပြီး သုံးမှတ်သာ ရပါသေးတယ်။

အာဆင်နယ်အသင်း လက်ရှိလူစာရင်းအရ မနှစ်ထက် ပိုတောင့်တယ်တယ်လို့ အတပ်မပြောနိုင်ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်တယ်လို့ နည်းပြအာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။

 

အာဆင်နယ်အသင်းရဲ့ လက်ရှိလူစာရင်းဟာ မနှစ်ကထက် ပိုတောင့်တင်းတယ်လို့အသင်း အမှုဆောင် အရာရှိချုပ် ဂါဇီဒစ်က ကြေညာထားပေမယ့် နည်းပြအာစင်ဝင်းဂါးကတော့ ဒါကို သိပ်သဘောတူချင်ပုံ မရပါဘူး။ ဒါပေမယ့်လည်း လူစာရင်းကတော့ လုံလောက်ပြည့်စုံမှု ရှိတယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ ရာသီအစမှာ လီဗာပူးကို လေးဂိုးပြတ်ရှုံးခဲ့ပြီးနောက် သုံးပွဲကစားပြီး သုံးမှတ်သာ ရသေးတဲ့အတွက် အာဆင်နယ် ချန်ပီယံ ဖြစ်နိုင်ချေရှိသေးလားဆိုတဲ့ မေးခွန်းကို နည်းပြအာစင်ဝင်းဂါးက အောက်ပါတိုင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။

play

 

“ ဘာလို့မဖြစ်နိုင်ရမှာလဲ။ အခုမှ သုံးပွဲပဲရှိသေးတယ်။ နှစ်ပွဲက အဝေးကွင်း၊ ဟုတ်တယ် ကျွန်တော်တို့ လီဗာပူးကို ဂိုးပြတ်ရှုံးခဲ့တယ်။ ကျွန်တော်တို့ လီဗာပူးကို ရှုံးတယ်ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် ဒီအခြေအနေကို လျင်လျင်မြန်မြန်ပဲ ပြန်ပြီးတည့်မတ်နိုင်ပါသေးတယ်။ တချို့အသင်းတွေဆိုလည်း ချန်ပီယံဖြစ်ဖို့ ရေပန်းစားပြီး အခုထိ ရလဒ်မကောင်းသေးဘူးလေ” လို့ အာစင်ဝင်းဂါးက ပြောခဲ့တာပါ။

play

 

“ မနှစ်က ကျွန်တော်တို့ ၇၅ မှတ်ရခဲ့တယ်။ အက်ဖ်အေဖလား ရခဲ့တယ်။ ကျွန်တော်တို့ ဒီနှစ်အဲဒီထက် ပိုကောင်းအောင် လုပ်ရမယ်” လို့ အာစင်ဝင်းဂါးက ထပ်ပြောပါတယ်။ အာဆင်နယ်အသင်းက စက်တင်ဘာ ကိုးရက်နေ့မှာ ဘုန်းမောက်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ